အကျဉ်းသားများအား ယနေ့မှစ၍ ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကျဉ်းသားများအား ယနေ့မှစ၍ ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြု


MNP ၊ အောက်တိုဘာ ၂၄

အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသူများအား မိသားစုဝင်များမှ ထောင်ဝင်စာတွေ့ခွင့် ယနေ့မှစ၍ ခွင့်ပြုပေးပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလမှစ၍ ထောင်ဝင်စာတွေ့ခွင့်များ ပိတ်ပင်ထားခဲ့ခြင်းဖြစ်ပြီး ကြားကာလတွင် NLD အစွန်းရောက်များက ထောင်ဝင်စာပို့သည့်ဂိတ်တွင် ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ထောင်ဝင်စာတွေ့ခွင့်ကို ကာလရှည် ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။

ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ခွင့်ပြုရာတွင် အတူနေ မိသားစုဝင်များကိုသာ ခွင့်ပြုမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ကြိမ် အပြည့် ထိုးနှံပြီးသူကိုသာ တွေ့ဆုံခွင့်ပြုမည် ဖြစ်ပြီး အခြား စည်းကမ်းသတ်မှတ်ချက်များကို အကျဉ်းထောင်များရှေ့တွင် ကြော်ငြာဆိုင်းဘုတ်ထောင်ထားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)