MNP ၊ အောက်တိုဘာ ၂၄
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း”ဟူသော အိမ်နီးချင်း သံတမန်ဆက်ဆံရေး အတွေးအခေါ် အဆိုပြုသည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ် နိုင်ငံတကာဆွေးနွေးပွဲသို့ အောက်တိုဘာ ၂၄ ရက်တွင် သဝဏ်လွှာ ပေးပို့ခဲ့သည်။အဆိုပါသဝဏ်လွှာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ အိမ်နီးချင်းသံတမန်ဆက်ဆံရေးအခြေခံမူမှာ အိမ်နီးချင်းနှင့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် အမှီသဟဲပြုမှု၊ အိမ်နီးချင်းနိုင်ငံများနှင့် သင့်မြတ်သော၊ အေးချမ်းသော၊ ချမ်းသာကြွယ်ဝမှုကို ဖော်ဆောင်သော ဆက်ဆံရေးကို ခိုင်မာစွာ လက်ကိုင်ထား ကျင့်သုံးလျက်ရှိရာ “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း”ဟူသော အတွေးအခေါ်ကို လက်တွေ့ထင်ဟပ်မှုရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။
၁၀ နှစ်ကြာကာလတွင် တရုတ်နိုင်ငံက အဆိုပါအိမ်နီးချင်းသံတမန်ဆက်ဆံရေးအတွေးအခေါ်ကို စိတ်အားထက်သန်စွာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ခင်မင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ရာတွင် နှစ်ဘက် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုများ အဆက်မပြတ် အားကောင်းလာသလို အကျိုးစီးပွား ပေါင်းစည်းမှုများသည် စဉ်ဆက်မပြတ် နက်ရှိုင်းလာခဲ့ပြီး ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်းဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုရှိသော ထွန်းတောက်သည့်လမ်းကြောင်းကို လျှောက်လှမ်းနိုင်ခဲ့ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ခေတ်သစ်ကာလတွင် မိမိတို့သည်“ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း”ဟူသော အနက်အဓိပ္ပါယ်ကို ပို၍ ပြည်စုံအောင် ဖြည့်တင်းရမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အားလုံးလက်ခံပါဝင်မှု၊ ပေါင်းစည်းမှု ကို ဗဟိုပြုသည့် အာရှ၏ စံတန်ဖိုးကို မြှင့်တင်ကာ ဒေသတွင်းသွေးစည်းညီညွတ်ရေး၊ တံခါးဖွင့်လှစ်ရေးနှင့် တိုးတက်ရေးအတွက် အားသစ်လောင်းပေးရမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
ထို့အပြင် သမ္မတ ရှီကျင့်ဖိန်က မိမိတို့အနေဖြင့် “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း”ဟူသော အတွေးအခေါ်ကို တစ်ဆင့်တိုးတက်အောင် တွန်းအားပေးသွားမည်ဖြစ်ပြီး တရုတ်ပုံစံခေတ်မီအသွင်ပြောင်းမှုမှ အိမ်နီးချင်းနိုင်ငံများ အကျိုးပိုမို ဖြစ်ထွန်းစေရေး၊ အာရှ ခေတ်မီအသွင်ပြောင်းရေး ဖြစ်စဉ်ကို အတူတကွ တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းမွန်သော အိမ်နီးချင်းပတ်ဝန်းကျင်သည် အပြန်အလှန်တိုးတက်မှု အကျိုးဖြစ်ထွန်းမှု ရှိစေရန် ဖော်ဆောင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း”ဟူသော အတွေးအခေါ်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ရာ ဒေသတွင်းနိုင်ငံများနှင့် လက်ချင်းတွဲ၍ တည်ငြိမ်အေးချမ်းသော၊ ဖွံ့ဖြိုးတိုးတက်၍သာယာလှပသော၊ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်သော အာရှမိသားစုဥယျာဉ်ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အာရှ အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို အတူရေးဆွဲ၍ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း၏ ကဏ္ဍသစ်ကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
“ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း”ဟူသော အိမ်နီးချင်း သံတမန်ဆက်ဆံရေး အတွေးအခေါ် အဆိုပြုသည့် ၁၀ နှစ်ပြည့် အထိမ်းအမှတ် နိုင်ငံတကာဆွေးနွေးပွဲကို တရုတ်နိုင်ငံ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၄ ရက်၌ ပေကျင်းမြို့တွင် ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost
No comments:
Post a Comment