ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင်လမ်းပိုင်း ရထားလမ်းရေကျော်နေရာများ ရေပြန်လည်ကျဆင်း၍ ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲရန်စီစဉ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင်လမ်းပိုင်း ရထားလမ်းရေကျော်နေရာများ ရေပြန်လည်ကျဆင်း၍ ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲရန်စီစဉ်


MNP ၊ အောက်တိုဘာ ၁၂

အောက်တိုဘာ ၈ ရက် နံနက်ပိုင်းမှ စတင် ၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်း ထန်စွာ ရွာသွန်းပြီး ရန်ကုန် - မန္တလေး လမ်းပိုင်းရှိ ပဲခူးဘူတာနှင့် ရွှေလှေဘူတာ အကြားနှင့် ပဲခူး-မော်လမြိုင် လမ်းပိုင်းရှိပဲခူးဘူတာ-ကလိဘူတာနှင့် နောင်ပတ္တရားဘူတာအကြားတို့တွင် ရထားလမ်းပေါ် ရေကျော်ခဲ့သဖြင့် လမ်းပိုင်းအတွင်း ရောက်ရှိနေသည့် လူစီးအမြန် ရထားနှစ်စင်းမှ ခရီးသည်များကိုကားများ စီစဉ်၍ ရန်ကုန်ဘူတာကြီးသို့ ပို့ဆောင် ပေးခဲ့ပြီး ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းခဲ့ရသည်။

ယမန်နေ့ (၁၁-၁၀-၂၀၂၃)ရက်နေ့ နံနက်ပိုင်းမှစ၍ ရေများပြန်လည်ကျဆင်းလာသဖြင့် အဆိုပါရေဖုံးလွှမ်းခဲ့သည့် ပဲခူးဘူတာနှင့် ရွှေလှေ ဘူတာလမ်းပိုင်း၊ ပဲခူးဘူတာ-ကလိ ဘူတာနှင့် နောင်ပတ္တရား ဘူတာလမ်းပိုင်း များသို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ ကတွဲဆိုင်းကိုးတွဲပါရှိသော ကျောက် ရထားဖြင့် လမ်း၏ကြံ့ခိုင်မှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျောက်ချ ခြင်း၊ ကျောက်စီခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးဘူတာနှင့် ကလိဘူတာ အကြား လမ်းပိုင်းအတွင်းသို့လည်း အောက်တိုဘာ ၁၀ ရက်မှ စတင်၍ ကျောက်ရထားတွဲဆိုင်း ရှစ်တွဲဖြင့် ကျောက်ချခြင်း၊ ထူးပေါက်နေရာများတွင် ကျောက်စီထည့်ခြင်းစသည့် လမ်းပိုင်း ကြံ့ခိုင်မှုအတွက် လိုအပ်သည်များကို မွမ်းမံပြင်ဆင်၍ ရထားခရီးစဉ်များ ပုံမှန် ပြန်လည် ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)