MNP ၊ အောက်တိုဘာ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ နယ်မြေခံတပ်နယ်မှဆေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ မျက်စိဝေဒနာရှင်များအား (အခမဲ့)ဆေးကုသပေးပြီး မျက်မှန်တပ်ဆင်လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်နယ်မှဆေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကုသရေးဝန်ထမ်းတို့က လာရောက်ကုသမှုခံယူသူများအား လူနာမှတ်တမ်းတင်ခြင်း၊ သွေးပေါင်းချိန်ခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများပြုလုပ်ပေးကာ သင့်လျော်သော မျက်မှန်များကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာသို့ နယ်မြေခံတပ်နယ်မှ ခေတ္တဗျူဟာမှူး ဗိုလ်မှူးကြီးအောင်နိုင်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး ဆေးကုသမှုခံယူနေသော မျက်စိဝေဒနာရှင်များအား အားပေးစကားပြောကြားခဲ့ကြကြောင်း သိရှိရသည်။
တင်ဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment