MNP ၊ အောက်တိုဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းလပ်မြို့ရှိ ဒေသနေပြည်သူများသည် တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ငှက်ပျောစိုက်ပျိုးရောင်းချသူ ဒေသနေပြည်သူများထံမှ သိရသည်။
ငှက်ပျောပင်များ စတင်စိုက်ပျိုးသည့်အချိန်မှ (၁၀)လအကြာတွင် ငှက်ပျောခိုင်များ စတင်ထွက်ရှိပြီး (၃)လကြာလျှင် ရင့်မှည့်ကာ အသီးများခုတ်၍ ရောင်းချရကြောင်း၊ တစ်ခိုင်လျှင်(၉)ဖီးမှ (၁၀)ဖီးအထိပါရှိပြီး ငှက်ပျော(၁)ဖီးလျှင် ငွေကျပ် (၅၀၀)၊ (၆၀၀)၊ (၇၀၀)ကျပ်အထိ ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေ ရရှိသဖြင့် စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်များထက် တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
စန်းစန်းမြင့်
https://t.me/MyanmarNationalPost


No comments:
Post a Comment