ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ





MNP ၊ အောက်တိုဘာ  ၁၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ဂွမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများ၌ ဒေသခံပြည်သူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်လျက် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များမှ ကိုယ်စားလှယ်များဖြင့် ရောင်းချပေးလျက်ရှိသည့် စားသုံးဆီများအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ကျေးရွာတွင် စားသုံးဆီလာရောက်ရောင်းချပေးစေလိုပါက သက်ဆိုင်ရာဌာနများသို့ ချိတ်ဆက်ထားစေလိုပါကြောင်း၊ ရပ်ကွက်/ကျေးရွာများရှိ မှတ်ပုံမတင်ရသေးသည့် စက်မှုလုပ်ငန်းများရှိပါက စာရင်းများပြုစုတင်ပြပေးကြစေလိုကြောင်းနှင့် ခရိုင် စက်မှုကြီးကြပ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မှတ်ပုံတင်များရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မြို့နယ်မှ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ရေလုပ်သားများ မှတ်ပုံတင်ကတ်များ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများဘုံကထိန် အောင်မြင်စွာကျင်းပဆောင်ရွက်သွားနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်းရှင်းလင်း ပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်အောင်က မြို့ရွာ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေခဲ့ကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)