MNP ၊ အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲကို ယနေ့ နေ့လည် ၁ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စောစန္ဒာ က ကျောင်းသား ၊ကျောင်းသူများ စိတ်ကူးစိတ်သန်းနှင့် ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်၊ ကဗျာများကို စိတ်ဝင်စားစွာလေ့လာဖတ်ရှုတတ်စေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ကြိုက်နှစ်သက်ရာကဗျာများဖြင့် ရွတ်ဆိုကြ၍ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြ သည်။
မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ပုံပြင် ပြောပြိုင်ပွဲ ၊ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပေးခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်းအပြင် အသိပညာပေး (Talk Show) အစီအစဉ်များ ရိုက်ကူးထုတ်လွင့်ခြင်း၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများကျင်းပခြင်းစသည့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment