MNP ၊ အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြောက်ဦး မြို့နယ် တိမ်ညိုကျေးရွာ၊ ဓမ္မရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင် က မိမိတို့နေအိမ်အတွင်း ချက်ပြုတ် နေစဉ်ကာလ၌ ဆီမီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်အခြေအနေများ၊ မိမိတို့နေအိမ် အတွင်း တပ်ဆင်အသုံးပြုလျှက်ရှိသည့် လျှပ်စစ်မီးကြိုးများဆိုင်ရာ သိကောင်းစရာများ၊ လျှပ်စစ် မီးမှတဆင့် မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်အခြေအနေများ၊ ဂက်စ်အိုးဖြင့်ချက် ပြုတ်နေစဉ်ကာလအတွင်း သတိထားရမည့်အချက်များ၊ လောင်စာဆီမှတဆင့် မီးလောင်မှုဖြစ်ပွား လာပါက ဆောင်ရွက်ရမည့်အခြေအနေများ၊ မီးလောင်မှုအန္တရာယ် မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်နည်းလမ်းများအကြောင်း၊ မီးသတ်ဆေးဗူး သုံးစွဲနည်းများအကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ ရေအိတ်များ စနစ်တကျထားရှိပုံများ ၊ ဒေသခံပြည်သူများက မီးကိုမပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက် အိုးအိမ်များပါ ပျက်စီးဆုံးရှုံးနိုင်ကြောင်း စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment