MNP ၊ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက “ငွေစာရင်း ထိန်းသိမ်းနည်း လက်စွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို အောက်တိုဘာ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က လူထု အခြေ ပြု ဗဟိုဌာန Community Center ခန်းမ ၌ ပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ “ငွေစာရင်း ထိန်း သိမ်း နည်းလက်စွဲ”စာအုပ်ပါ အကြောင်း အရာ များဖြစ်သော အခန်း(၂) နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်း ၏ အဓိပ္ပါယ် နှင့် ရည်ရွယ်ချက်အား ဖတ်ကြားပြီး ခရိုင်ရုံးမှ ဝန်ထမ်းများက အခြေခံပေါ်လစီများ ၊ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံ ငွေ အစီအစဉ်များ ၊ ဘဏ္ဍာရန်ပုံငွေ အစီအစဉ်သစ် စသည့် ခေါင်းစဉ်များတွင် ပါဝင်သော အချက်အလက်များ အကြောင်း အရာ များအား တစ်ဦးချင်း ဖတ်ကြား ခဲ့ကြပြီး သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment