MNP ၊ အောက်တိုဘာ ၂၃
မွန်ပြည်နယ်၊ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center ခန်းမ၌ဇီဝလုံခြုံရေးဆိုင်ရာ သင်တန်းဆင်းပွဲကိုယနေ့မွန်းလွဲ(၁)နာရီက ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင် က တိရစ္ဆာန်မွေးမြူရေးလုပ်ကိုင်သူများအတွက် ဇီဝလုံခြုံရေးဖြစ်သည့် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ကြက်ခြံများတွင်ထုံးဖြူးခြင်းစသည့်အကြောင်းအရာများအပြင် တိရစ္ဆာန် များအတွက် ဇီဝနှင့်ပတ်သက်ပြီး သင်တန်းသားများအနေဖြင့် အသေးစိတ် သင်ကြားပြခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အောက်တိုဘာလ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပြသခဲ့ရာသင်တန်းသား(၁၅)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment