MNP ၊ အောက်တိုဘာ ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ သံတွဲခရိုင် ၊ ငပလီမြို့ရုံး၌ ဝန်ထမ်းများစွမ်းဆောင် ရည်မြင့်မားရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲ လစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လည်(၁၂)နာရီအချိန်ကနိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ရှေ့ဦးစွာ မြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေး ကအမှာစကားပြောကြားပြီးနောက် စာဖတ်ဝိုင်းကို စတင်ရာ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်မာသူ က နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ အခန်း(၂)ပါ ဝန်ထမ်းခန့် ထားခြင်းဆိုင်ရာသတ်မှတ်ချက်များကိုလည်းကောင်း ၊ အငယ်တန်း စာရေး ဒေါ်ခင်မြဝါ က အခန်း(၃)ပါ ဝန်ထမ်းခန့်ထားခြင်းနှင့်ဌာနကူးပြောင်းတာဝန်ထမ်းဆောင်ခြင်းကို ဖတ်ကြားဆွေးနွေးကြသည်။ ထို့နောက် မြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေး ကဆွေးနွေးချက်များအပေါ်ပြန်လည်ဆွေးနွေး ရှင်းလင်းသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ငပလီမြို့ရုံး သည်ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မား ရေးအတွက် စာဖတ်ဝိုင်းများကိုလစဉ်(၂)ကြိမ်ပုံမှန်ဆွေးနွေးလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment