သံတွဲမြို့၌ လူပုဂ္ဂိုလ်များဆိုင်ရာစာပေသင်တန်း စာအောင်ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ လူပုဂ္ဂိုလ်များဆိုင်ရာစာပေသင်တန်း စာအောင်ဆုချီးမြှင့်ပွဲကျင်းပ




MNP ၊ အောက်တိုဘာ  ၂၃

သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ လူပုဂ္ဂိုလ်များဆိုင်ရာ အဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်၊ စာမေးပွဲအောင်မြင်သူများနှင့် အဘိဓမ္မဓရဘွဲ့ရရှိသူများအား စာအောင်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီက သံတွဲမြို့ သာသနာ့ဗိဗ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကြွရောက်တော်မူကြသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ် အပေါင်းတို့က အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးတော်မူကြသည်။ထို့နောက်မြို့ဦးတောင်ကျောင်းဆရာတော်(အဂ္ဂမဟာပဏ္ဍိတ)  ဘဒ္ဒန္ဒရေဝတ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဂျိတ္တောရပ်ကွက်၊ ပုလဲရတနာပရိယတ္ထိ စာသင်တိုက် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဣန္ဒာစာရထံမှ ဩဝါဒကထာနာယူခဲ့ကြ ကာ ဆရာတော်သံဃာတော်များအား လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက်သံတွဲမြို့ရှိ  ၂၀၂၁-၂၀၂၂ ခုနှစ်၊ လူပုဂ္ဂိုလ်များဆိုင်ရာ အဘိဓမ္မာ၊ ဋီကာကျော်၊ ဝိသုဒ္ဓိမဂ်၊ စာမေးပွဲအောင်မြင်သူများနှင့် အဘိဓမ္မဓရဘွဲ့ရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြပြီး နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင်မဟာဗာဓိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကလျာဏ ( အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ) ထံမှအနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်းသိရှိရသည်။


သန့်ဇင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)