MNP ၊ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မီးဘေးလုံခြုံရေးနှင့်မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေးကို ညောင်ပင်ဈေးရပ်ကွက် ၊ ICRC ရုံး၌ ယနေ့ နံနက် ၁၁ နာရီအချိန်က လက်တွေမီးငြိမ်းသတ်မှုသရုပ်ပြပွဲနှင့်အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း က လက်တွေ့မီးငြိမ်းသတ်မှုသရုပ်ပြပွဲနှင့် အသိ ပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး က မီးလောင်မှုဖြစ်ပွားသည်ကို မိမိတို့ပတ်ဝန်းကျင်တွင် တွေ့ရှိပါက စိုးရိမ်ထိတ်လန့်မှုမရှိဘဲ အေးဆေးတည်ငြိမ်စွာ မီးငြိမ်းသတ်နိုင်ရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက် သင့်ကြောင်း၊မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြိမ်းသတ်မှုကို သရုပ်ပြသွား မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ဆီမီးလောင်မှုအား မီးငြိမ်း သတ်မှု ကို လက်တွေ့သရုပ်ပြ ရှင်းလင်းခဲ့ပြီး ICRC ရုံးဝန်ထမ်းများအား လက်တွေ့မီးငြိမ်းသတ်မှုကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment