ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်


MNP ၊ အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်သည့် အလေ့အထရရှိစေရန် စာပေကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်စေရန်၊ အသိပညာဗဟုသုတများ မျှဝေတတ်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁၃းဝဝ နာရီက စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းအားစတင်ခဲ့ရာ ဦးစိုးနိုင် (မင်းသီဟရာဇာ)က ဒေါက်တာကျော်ဇောဟိန်းရေးသားသည့် တသက်တာကျန်းမာရေးအကြံပေးစာအုပ်မှ ခါးနာရခြင်းအကြောင်း (၅)မျိုး အကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ပြီး ဒေါ်နေခြည်လင်းက အသည်းရောဂါ​​​ရဲ့ရှေ့ပြေးလက္ခဏာ(၇)မျိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ ဦးမင်းတိုင်ပင်က ကျောက်ကပ်ကို ပျက်စီးစေသောအရာ(၄) မျိုးခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ရာ ဒေါက်တာအောင်ထွတ်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး စာပေချစ်မြတ်နိုးသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရုံးအနေဖြင့် စာဖတ်ဝိုင်းများ၊ အသိပညာပေး Talk Show များ၊ ဆွေးနွေးပွဲများကို လစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အေးမဉ္ဇူ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)