မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဟောပြောပွဲနှင့် စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဟောပြောပွဲနှင့် စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲကျင်းပ



MNP ၊ အောက်တိုဘာ  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ မူလတန်းဆင့် ကျောင်းသား/ ကျောင်းသူများအား ဟောပြောပွဲနှင့်စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲကိုလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက်၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် စာအုပ်များဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ လူငယ်ဆိုင်ရာစွမ်းရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူကလေးငယ်များဖိတ်ခေါ်၍ ဟောပြောပွဲများ၊ ပြိုင်ပွဲများပြုလုပ်ကျင်းပပေး ရခြင်းဖြစ်ပါကြောင်းနှင့် ကမ္ဘာ့ဆရာများနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှင်းလင်းဟောပြောပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းဆင့်ကျောင်းသား/ ကျောင်းသူများ(၁၄)ဦးဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရသူများအား အောက်တိုဘာလ(၅)ရက်နေ့ပြုလုပ်မည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် ပေးအပ်သွားမည်ဖြစ် ကြောင်းသိရသည်။ 


စိုင်းမျိုးသန့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)