ကွန်ဟိန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ဟိန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ



MNP ၊ အောက်တိုဘာ  ၇

ကျောင်းသား၊ ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ရွှန်းမျက်သွယ်နိုင်မှ ကျောင်းသား/သူ လူငယ်များ စာဖတ် ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အထွေထွေဗဟုသုတ အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲအား ယှဉ်ပြိုင်စေခဲ့သည်။          


ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူး ဦးခွန်ရဲထွေး၊ မြို့နယ်အခွန်ဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်ဇင်ဦးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဒေါ်ရွှန်းမျက်သွယ်နိုင်တို့က ဆုများအသီးသီးချီးမြှင့်ပေးကြကြောင်း သိရသည်။


ပြိုင်ပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ကွန်ဟိန်း)မှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရ သည်။  


မြတ်သွယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)