၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လက်ပါးစေ PDF အကြမ်းဖက်သမား ၃၀၀ နီးပါး ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လက်ပါးစေ PDF အကြမ်းဖက်သမား ၃၀၀ နီးပါး ဖမ်းဆီးရမိ


MNP ၊ အောက်တိုဘာ ၁

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အချို့သော မြို့နယ်များ၌ PDF အကြမ်းဖက်အဖွဲ့အပါအဝင် EAO အမည်ခံ အကြမ်းဖက်အဖွဲ့များကို နှိမ်းနင်းဆောင်ရွက်မှုများ ဖိဖိစီးစီး လုပ်ဆောင်ခဲ့ပြီး စာရင်းများအရ အကြမ်းဖက်သမား ၃၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း PDF အကြမ်းဖက်စခန်းအား ရှင်းလင်းခဲ့သည့်ဖြစ်စဉ်၊ မြင်းမူမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များက PDF အကြမ်းဖက်သမားများကို နှိမ်နင်းနိုင်ခဲ့သည့် ဖြစ်စဉ်များမှာ ဖမ်းဆီးရမိမှု အများဆုံးဖြစ်ခဲ့ပြီး တစ်လအတွင်း PDF အပါအဝင် အကြမ်းဖက်သမား အသေဖမ်းဆီးရမိမှု  ၂၄၂ ဦး၊ အရှင်ဖမ်းမိ ၃၅ ဦး အထိ ရှိခဲ့သည်။

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များ၏ လုပ်ကြံဖန်တီး လှုံ့ဆော်မှုများနောက်တွင် လိုက်ပါဆောင်ရွက်လိုခြင်း မရှိတော့သည့် PDF အဖွဲ့ဝင် ၄၈ ဦး အထိ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီး နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပံ့ပိုးပေးခဲ့သည်။

PDF အကြမ်းဖက်သမားများ ဖမ်းဆီးရမိမှု ဖြစ်စဉ်များအတွင်း လက်နက်ငယ် ၆၃၄ လက်၊ လက်နက်ကြီး ၂၃၈ လက်၊ ကျည်မျိုးစုံ ၁၀၇၁၄ တောင့်၊ ဗုံးသီး ၈၇၂ လုံး၊ မိုင်းမျိုးစုံ ၁၀၄၁ လုံး၊ ဆက်စပ်ပစ္စည်း ၆၆၃၀ခု၊ အခြားပစ္စည်း ၃၂၇၇၉ ခု၊ ဆိုင်ကယ် ၇၀ စီး၊ ကား ၁၅ စီး သိမ်းဆည်းရရှိခဲ့သည်။

တည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို အလေးထားဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား လုပ်ဆောင်လျက်ရှိပြီး အချို့သော မြို့နယ်များတွင် ကိုယ်ကျိုးရှာလိုသူများက အကြမ်းဖက်သမားများထံ မှ လစဉ်ကြေး ရယူ၍ မဖွယ်မရာ လုပ်ဆောင်နေသောသတင်းများကိုလည်း ကြားသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)