ပြန်ကြားရေးဝန်ကြီးဌာန က Foundation Course For Public Opinion Mining Analysis (Artificial Intelligence - AI) နည်းပညာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန က Foundation Course For Public Opinion Mining Analysis (Artificial Intelligence - AI) နည်းပညာသင်တန်းဖွင့်လှစ်


MNP ၊ အောက်တိုဘာ ၇

ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ သတင်းတု၊ သတင်းမှားများ စောင့်ကြည့်လေ့လာခြင်းနှင့် သတင်းစီးဆင်းမှုများ အပေါ် Data Analysis ပြုလုပ်၍ ရလဒ်များ ခွဲခြမ်းစိတ်ဖြာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ Foundation Course For Public Opinion Mining Analysis (Artificial Intelligence - AI)နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် အမှုထမ်း၊ အရာ ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့နည်းပညာ ခေတ်တွင် နည်းပညာများ တိုးတက်လာသည်နှင့်အမျှ AI နည်းပညာသည် ရှေ့တန်းရောက်ရှိ နေပြီး နိုင်ငံတကာတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နေပြီဖြစ်ကြောင်း၊ လူသားတို့အတွက် အကျိုးဖြစ်ထွန်းစေသည့် ကျန်းမာရေး၊ ပညာရေး၊ စက်မှုကဏ္ဍများ၌ လူ့စွမ်းအား နှင့် စက်မှုစွမ်းအားများ လျှော့ချကာ AI နည်းပညာအစားထိုး လုပ်ဆောင်လာသည်ကို တွေ့မြင်နိုင်ကြောင်း၊ တစ်နည်းအားဖြင့် လူသားများ၏ လုပ်ဆောင်နိုင်စွမ်းအစား AI နည်းပညာ အသုံးပြုပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

ယနေ့ မီဒီယာရေစီးကြောင်းတွင် သတင်းစီးဆင်းမှုအပေါ် AI နည်းပညာ အသုံးချ၍ သတင်းဖန်တီးကာ ပြည်သူမှပြည်သူသို့ စီးဆင်းစေခြင်းဖြင့် သတင်းတု၊ သတင်းမှားများ တိုက်ဖျက်ရာတွင် တိကျသော သတင်းအရင်းအမြစ်ကို ခွဲခြမ်းစိတ်ဖြာနိုင်သည့် နည်းပညာတစ်ခု ဖြစ်ကြောင်း၊ နည်းပညာပိုင်းတွင် AI သည် Automation စနစ်ဖြစ်သောကြောင့် လူသားအရင်းမြစ်ကို ချွေတာရာလည်း ရောက်ကြောင်း။

ယနေ့ Digitalization ခေတ်တွင် အွန်လိုင်းမှ အချက်အလက်ရှာဖွေခြင်း၊ Entertainment များ ကြည့်ရှုခြင်း၊ ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချနိုင်ခြင်းတို့၏ နောက်ကွယ်တွင်လည်း AI နည်းပညာရှိနေပြီဖြစ်ကြောင်း၊ လူသားများတွင် ကာယ၊ ဉာဏ နှစ်မျိုးရှိသည့်အနက် ကာယအလုပ်များကို စက်များဖြင့် အစားထိုးဆောင်ရွက်နိုင်သကဲ့သို့ ဉာဏအလုပ်များကို AI နည်းပညာဖြင့် အစားထိုး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ အိမ်နီး ချင်းနိုင်ငံများတွင် AI နည်းပညာ အသုံးပြု ၍ လမ်းပြအမှတ်အသား၊ မီးပွိုင့်၊ ဆိပ်ကမ်း၊ လေဆိပ်စသည့် Public Area များတွင် အသုံးပြုနေပြီဖြစ်ပြီး ဥရောပ နိုင်ငံများတွင်လည်း AI နည်းပညာအသုံး ပြု၍ လူထုအကျိုးပြု သုတေသနလုပ်ငန်း များကို ကျယ်ပြန့်စွာ အသုံးပြုနေပြီဖြစ်ကြောင်း၊ AIနည်းပညာကို အသုံးပြု၍အချို့ ခက်ခဲသည့် အရာများကို လွယ်ကူစွာကျော် လွှားဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း။

သင်တန်းသားများအနေဖြင့် ပညာရှင်များ ဆွေးနွေးပို့ချသည့် ဘာသာရပ်များကို စိတ်ဝင်တစားလေ့ လာမှတ်သား၍ ရရှိလာသည့် ဗဟုသုတ အတွေ့အကြုံများဖြင့် ဌာနအကျိုး၊ နိုင်ငံအကျိုး၊ ပြည်သူ အကျိုးအတွက် ပြန်လည်အသုံးချနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် Myanmar Computer Vision Developer Team မှ ဆရာ ဦးဝေဖြိုးအောင်က သင်တန်းတွင် သင်ကြားမည့် Course နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး AI နည်းပညာ အကြောင်း Video Clip ကို ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သင်တန်းသို့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းသား ခုနစ်ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ သုံးလကြာ အွန်လိုင်းသင်တန်းဖြစ် ကြောင်းနှင့်သင်တန်းတွင် Data Science, Python Programming Language, Text Classification and Semantics စသည့် ဘာသာရပ်များကို ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)