မိုင်းဆတ်မြို့၌ အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်ပြီးပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များ သင်ယူလေ့ကျင့်နိုင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်ပြီးပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များ သင်ယူလေ့ကျင့်နိုင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်


MNP ၊ အောက်တိုဘာ  ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အ.ထ.က(မိုင်းဆတ်)မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးနိုင်ထူးအောင်က အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သူ လူငယ်လူရွယ်များအနေဖြင့် လုပ်ငန်းခွင် လက်တွေ့အသုံးချနိုင်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ သက်မွေးပညာသင်တန်းများအတွက် သင်ယူနိုင်သော အခွင့်အလမ်းများကိုလည်းကောင်း၊ အ.ထ.က(မိုင်းဆတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးသောင်းအေးက လူငယ်လူရွယ်များအနေဖြင့် မိမိတို့ နှစ်သက်ရာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် အသက်မွေးပညာရပ်များကို လေ့ကျင့်သင်ယူနိုင်မည့် အခွင့်အလမ်းများကိုလည်းကောင်း အကျယ်တဝင့် အသိပညာပေးပြောကြားခဲ့သည်။


အဆိုပါ ဟောပြောပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနိုင်ထူးအောင်၊ အ.ထ.က(မိုင်းဆတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးသောင်းအေး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းလွင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်း၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြင့်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)