ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အိန္ဒိယနိုင်ငံ၊ HMT International Ltd. ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အိန္ဒိယနိုင်ငံ၊ HMT International Ltd. ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


MNP ၊ အောက်တိုဘာ   ၆

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အိန္ဒိယနိုင်ငံ၊ Hindustan Machine Tools (HMT) International Ltd. ၏ General Manager ဖြစ်သူ Mr. Y.K. Vaish ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံအစိုးရ၏ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် စက်မှုသင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ စက်မှုသင်တန်းကျောင်း (မုံရွာ)နှင့် စက်မှုသင်တန်း ကျောင်း (သထုံ) အမြန်ဆုံးဖွင့်လှစ်နိုင်ရေး၊ စက်မှုသင်တန်း ကျောင်းများရှိ ဆရာ၊ ဆရာမများအတွက် နည်းပညာဆိုင်ရာ နည်းပြသင်တန်းများပံ့ပိုးပေးနိုင်ရေး၊ (နေပြည်တော်)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သံမဏိထုတ်လုပ်မှု၊ ရော်ဘာစီး ပွားဖြစ် ထုတ်လုပ်မှုဆိုင်ရာ သင်တန်းများ၊ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာသင် တန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် စွမ်းရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများ ပို့ချနိုင်ရေးကိစ္စရပ်များ၊ စက်ပစ္စည်းကိုင်တွယ်ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံသို့ ပညာတော်သင်များ စေလွှတ်ပေးနိုင်ရေးနှင့် လိုအပ်သည့်ကူညီမှုများ ဆက်လက်ပံ့ပိုးပေးနိုင်ရေးကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

HMT (International) Ltd.  သည် အိန္ဒိယနိုင်ငံ အကြီးစားစက်မှုလုပ်ငန်းဆိုင်ရာဝန်ကြီး ဌာနအောက်ရှိ အဖွဲ့အစည်းဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံအကြား ချစ်ကြည်ရေးအ ထိမ်းအမှတ်အဖြစ် အကူအညီ (Grant Aid) ပေးရေး နားလည်မှုစာချွန်လွှာအောက်တွင် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးရေး အတွက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးအစီအစဉ်များကို  အကောင်အထည်ဖော်ဆောင်ရွက်ရန် အဆိုပါအဖွဲ့အစည်းကို  အိန္ဒိယနိုင်ငံအစိုးရမှ တာဝန်ပေးအပ်ထားခြင်းဖြစ်သည်။ 

အဆိုပါ တွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)