အရာတော်မြို့နယ်အတွင်း KIA/PDF အကြမ်းဖက်နှိမ်နင်းရေး စတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရာတော်မြို့နယ်အတွင်း KIA/PDF အကြမ်းဖက်နှိမ်နင်းရေး စတင်ဆောင်ရွက်






MNP ၊ အောက်တိုဘာ ၅

အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာအနီး ယနေ့ နံနက်ပိုင်းတွင် PDF အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb ချတိုက်ခိုက်ရန် ပြုလုပ်လာစဉ်  နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆောင်ရွက်မှုအတွင်း Drop Bomb ဗုံးသီး ၁၂ လုံး၊ ရီမု ၁ ခု၊ Drone ပန်ကာ ၁ ခု၊ Drone ဘက္ထရီ ၁ ခု၊ ဗုံးချိတ်ကိရိယာ ၁ ခု၊ Tool Box ၂ ခု၊ ပြောက်ကျားအင်္ကျီ ၁ ထည်၊ ပြောက်ကျားဦးထုပ် ၁ လုံးတို့အားသိမ်းဆည်းရရှိကြောင်း သိရသည်။

အရာတော်မြို့နယ်အတွင်း NLD လွှတ်တော်အမတ်ဟောင်းများဖြစ်ကြသည့် ဝဏ္ဏ၊ ခင်မောင်လွင်နှင့် ဘိတ်သိတ်ဆရာ သော်က တို့က PDF အကြမ်းဖက်အဖွဲ့များကို ဦးဆောင်ပြီး KIA အကြမ်းဖက်သမားများကို ခေါ်ယူကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ကာလရှည်ကြာ လုပ်ဆောင်နေသော်လည်း နှိမ်နင်းဆောင်ရွက်ခဲ့ခြင်း မရှိပေ။ အရာတော်မြို့နယ်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆက်သွယ်ရေးတာဝန်တိုင်များကို NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများက လက်ညှိုးထိုးရောင်းစားပြီး ကုလားများက ဝယ်လျက်ရှိသည်။

အရာတော်မြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့ကို ဦးဆောင်နေသည့် NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများမှာ မြို့နယ်အာဏာပိုင်များကို လစဉ်ကြေးပေး၍ ဒေသခံ ပြည်သူများထဲမှ တပ်မတော်သားမိသားစုဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များကို ပစ်မှတ်ထား သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြသည်။ ရက်ပိုင်းအတွင်း က ကျောင်းသားများကို လိုက်ပို့သည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ဦးကိုလည်း PDF အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ကြသည်။

အရာတော်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ နယ်မြေရှင်းလင်းရေးမထွက်မီ ဖရဲသီးများက အကြမ်းဖက်သမားများထံ ကြိုတင်သတင်းပေးပို့မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် မိုင်းဆွဲခံရခြင်း၊ ချောင်းမြောင်းပစ်ခတ်ခံရခြင်းများလည်း ကြုံတွေ့ခဲ့ရသည်။


https://t.me/MyanmarNationalPost

(နယ်မြေရှင်းလင်းရေးဆောင်ရွက်နေကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် KIA/PDF အကြမ်းဖက်သမားများကို နှိမ်နင်းဆောင်ရွက်နိုင်ကြပါစေ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)