KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပေါ်သို့ Drop ဗုံးများ ပစ်ချခဲ့မှုကြောင့် ကျောင်းသူ ၁ ဦး သေဆုံးပြီး ၃ ဦးဗုံးစထိမှန်ဒဏ်ရာများရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပေါ်သို့ Drop ဗုံးများ ပစ်ချခဲ့မှုကြောင့် ကျောင်းသူ ၁ ဦး သေဆုံးပြီး ၃ ဦးဗုံးစထိမှန်ဒဏ်ရာများရရှိ





နေပြည်တော် အောက်တိုဘာ ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူများ နှစ်ဝက်စာမေးပွဲဖြေဆိုပြီး ပြန်လည်ထွက်ခွာလာစဉ် ယနေ့ မွန်းလွဲပိုင်းတွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ရည်ရွယ်ချက်ရှိရှိ ရက်စက်ယုတ်မာစွာ Drone များအသုံးပြု၍ ဗုံးသီးများပစ်ချမှုကြောင့် ကျောင်းသူ ၁ ဦးသေဆုံးခဲ့ပြီး ကျောင်းသူ ၃ ဦးတို့တွင် ဗုံးစထိမှန် ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ကျောင်းသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကော့ကရိတ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။


အကြမ်းဖက်သမားများသည် ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများနှင့် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ အသက်အန္တရာယ်ထိခိုက်စေရန်နှင့် ပညာသင်ကြားမှုကို ခြိမ်းခြောက်ဟန့်တားရန် ရည်ရွယ်၍ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် တုန့်ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)