MNP ၊ အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သီရိပျံချီ ဦးခင်မောင်စိုးနှင့်ဇနီးဒေါ်နီနီ၊ လှည်းကူးခရိုင် ပါတီ ဥက္ကဋ္ဌ ဦးအောင်မျိုးနိုင်၊ ကိုဖြိုးအောင်ကျော်နှင့် ဇနီး မစုမိုမိုကျော်၊ ကိုထွန်းကြည် တို့မှစုပေါင်း၍ လှည်းကူးမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ကူညီပေးနိုင်ပါရန် လှည်းကူးမြိုနယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးသို့ ဆန်အိတ် (၅၅) အိတ် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ သီရိပျံချီဦးခင်မောင်စိုးနှင့်ဇနီး ကိုယ်စား တိုင်းပါတီကော်မတီဝင် ဦးတင်မောင်ဝင်း ၊ ဦးနေဝင်း၊ လှည်းကူးခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးအောင်မျိုးနိုင်၊ အလှူရှင်များကိုယ်စား မင်္ဂလာဒုံခရိုင် ဥက္ကဋ္ဌ ဦးမျိုးမင်းနိုင်၊ အင်းစိန်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးနေလင်းနှင့်ဇနီး၊ လှည်းကူးခရိုင် /မြို့နယ် မှ ပါတီ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ကွပ်ကဲရေးရုံးတာဝန်ခံ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ လက်ခံရယူခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ မှ ဦးဆောင်ပြီး ဆောင်ရွက်ခဲ့သော၊ ဖောင်ကြီးအရှေ့ ကျေးရွာအောင်ဇေယျံဘုန်းကြီးကျောင်း၊ အောင်တံခွန်၊ အောင်သိဒ္ဓိ၊ ဆေးရုံကုန်း၊ ဆဲလ်မာဦး၊ ကြိုကုန်း၊ ကြာအင်း၊ ငါးဆူတောင်(၁)ရပ်ကွက် ၊(၂) ရပ်ကွက် ၊ ဇီးပင်ဝဲရွာကြီး၊ ဇီးပင်ဝဲရွာလေး၊ ကျွန်းကုန်း၊ လှည်းကူးပြည်ခိုင်ဖြိုးရုံး ကယ်ဆယ်ရေးစခန်း စသည့် ကယ်ဆယ်ရေးစခန်းများသို့ ဆန်အိတ်များ၊ ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်များ၊ ထမင်းဗူးများ၊ မုန့်များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရေးဘေး ကူညီရေး ခရီးစဉ်အတွင်း ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများကိုလည်း အလှူငွေနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
https://t.me/MyanmarNationalPost








No comments:
Post a Comment