MNP ၊ အောက်တိုဘာ ၁၃
ရေစကြိုမြို့နယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် အောက်တိုဘာလ ၁၃ ရက် ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် ဘုန်းတော်ပြည့်ကျေးရွာအား ဝင်ရောက်ရှင်းလင်းခဲ့ရာ ကျေးရွာရှိ စာသင်ကျောင်းအတွင်း PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့သည်။
စာသင်ကျောင်းအား အကြမ်းဖက်စခန်းအဖြစ် အသုံးပြုနေသည့် PDF အကြမ်းဖက်သမားများ၏ လက်လုပ်သေနတ် ၂၂ လက်၊ မိုင်းမျိုးစုံ ၂၉ လုံး၊ ယမ်းပျော့ ၁၀ ချောင်း၊ ယမ်းမှုန့် ၁ ထုပ်၊ တွင်ခုံ ၁ ခု၊ ဝရိန်စက် ၁ ခု၊ ပစ္စည်းစုံ သံသေတ္တာ ၁ ခု၊ သံညှပ် ၁ စုံ၊ ဝရိန်ချောင်း ၅၀ ချောင်းပါ ၁ ထုပ်၊ ကျောက်စက် ၅ ခု၊ ဖောက်စက် ၅ ခု၊ ဝါယာကြိုး ၃၀၀ ကိုက် ၁ ခွေ၊ ဆေးမျိုးစုံ ၁ အိတ်၊ ဆန် ၂ အိတ်၊ ပုလဲဓာတ်မြေဩဇာ ၅ အိတ်၊ မီးရှို့စနက်တံ ၁၅၀ ချောင်း၊ ဒီတိုနေတာ ၅၀ ချောင်း၊ ရေစုပ်စက် ၁၀ လုံး၊ မီးစက် ၁ လုံး၊ ကား ၁ စီး၊ ထော်လာဂျီ ၁ စီး၊ တဲ ၁ လုံး၊ ဗုံးခိုကျင်း ၁ ခု တို့အား သိမ်းဆည်းရရှိကြောင်း သိရသည်။
ရေစကြိုမြို့နယ်အတွင်း PDF အကြမ်းဖက်သမားများသည် ကာလရှည်ကြာ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြပြီး နှိမ်နင်းဆောင်ရွက်မှုများ အလေးထား လုပ်ဆောင်လာသည်ကို တွေ့မြင်ရသည်။ အောက်တိုဘာ ပထမအပတ်အတွင်း အကြမ်းဖက်သမား (၁၇)ဦး အသေဖမ်းဆီးရမိပြီး (၆)ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်။ PDF အကြမ်းဖက်သမားများ၏ အခြေပြုစခန်းများကို လိုက်လံရှင်းလင်းရာမှ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment