ဇမ္ဗူသီရိမြို့နယ်၊ ရွှေစံအိမ်ဟိုတယ်တွင် အမျိုးသမီး ၁ဦး လက်နက်နှင့်အတူ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်၊ ရွှေစံအိမ်ဟိုတယ်တွင် အမျိုးသမီး ၁ဦး လက်နက်နှင့်အတူ ဖမ်းဆီးရမိ



MNP ၊ အောက်တိုဘာ ၁၃

လုံခြုံရေးတာဝန်ရှိသူများသည် သတင်းရရှိသဖြင့် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ ရွှေစံအိမ်ဟိုတယ်သို့ ယနေ့ နေ့လည် (၁ ၄၅)အချိန်ခန့်က ဝင်ရောက်ရှာစစ်ဆေးရာ အမျိုးသမီး အား လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက် နယ်မြေ (၇) အမှတ် ၇/၉၂ စံပယ်လမ်းရှိ ရွှေစံအိမ်ဟိုတယ်သို့ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ အိအိဖြူ ၃၀ နှစ် (ဘ) ဦးအောင်မင်း၊ သုခတော်ဝင်အိမ်ရာ၊ တိုက် P4၊ အခန်း ၁၂ နေထိုင်သူ တည်းခိုနေသည့် ဟိုတယ်အိပ်ခန်းအတွင်းမှ ZORAKI 2914-T အမျိုးအစား ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု ၊ ပွိုင့် ၃၈ ကျည် ၅တောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)