ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အလုပ်သမားရေးရာဥပဒေအသိပညာပေး စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အလုပ်သမားရေးရာဥပဒေအသိပညာပေး စကားဝိုင်းကျင်းပ


MNP ၊ အောက်တိုဘာ    ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် ဥပဒေများကိုသိရှိပြီး လုပ်ငန်းခွင်အေးချမ်းသာယာ၍ ကုန်ထုတ်စွမ်းအားတိုးမြှင့်လာစေရန် ရည်ရွယ်၍  ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ကနောင်ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက အလုပ်သမားရေးရာဥပဒေအသိပညာပေး စကားဝိုင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေးစကားဝိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်မျိုးသန့်၊ လူမှုဖူလုံရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်ညွှန်နွယ်စိုးနှင့် အလုပ်သမား ရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်စိုးသန်းတို့မှ မိမိတို့စည်းကြပ်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် စပ်လျဥ်း၍ အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။


ထို့နောက် စကားဝိုင်းသို့ တက်ရောက်လာသော စက်ရုံ၊ အလုပ်ရုံများမှ မန်နေဂျာများက မိမိသိရှိလိုသော မေးခွန်းများမေးမြန်းခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။


အေးမဉ္ဇူ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)