MNP ၊ အောက်တိုဘာ ၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပ သည့် မွန်ပြည်နယ်အတွင်း MSME လုပ်ငန်းများအတွက် စိုက်ပျိုးရေးအခြေခံအစား အစာ ထုတ်ကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာဖြန့်ဝေပေးရေး သင်တန်းဆင်းပွဲကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် သင်တန်းနည်းပြ များ၊ မော်လမြိုင်တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီး များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ၊ မွန်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် သင်တန်းနည်းပြများအား ဂုဏ်ပြု လက်ဆောင်များပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းတက်ရောက်သူ MSME လုပ်ငန်းရှင်တစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြေားကြားသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မွန်ပြည်နယ် အတွင်းရှိ MSME လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ပြည်နယ်ထွက်ကုန်များကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်လုပ် နိုင်မည့် ထုတ်ကုန်များ ထုတ်လုပ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လှည့်လည် ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။
အဆိုပါ သင်တန်းကို မွန်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ၊ ဌာနဆိုင် ရာဝန်ထမ်းများမှ သင်တန်းသား၊ သင်တန်းသူ ၁၄၀ ဦးဖြင့် စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ စာတွေ့လက်တွေ့ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment