မြန်အောင်ခရိုင်အတွင်းရှိ ကညင်၊ မမြ၊ နန်ကသူ၊ ကွန်ချောင်းရေလှောင်တမံများ၏ ရေအသုံးချသူ တောင်သူများအဖွဲ့(WUG)အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်ခရိုင်အတွင်းရှိ ကညင်၊ မမြ၊ နန်ကသူ၊ ကွန်ချောင်းရေလှောင်တမံများ၏ ရေအသုံးချသူ တောင်သူများအဖွဲ့(WUG)အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ



MNP ၊ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အတွင်း အယ်လ်နီညိုရာသီဥတု ပြောင်းလဲမှုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သောက်သုံးရေလုံလောက်မှုရှိစေရေး၊ ရေချိုသိုလှောင်ထိန်းသိမ်းမှုနှင့်ဆည်ရေကို အလေအလွင့်မရှိအောင် စနစ်တကျသုံးစွဲရေး၊ ဆည်ရေသောက်ဧရိယာများအတွင်း တစ်နှစ်လျင် နှစ်သီးစိုက်ပျိုးခြင်းမှ သုံးသီးစိုက်ပျိုးနိုင်ရေး မြန်အောင်ခရိုင်အတွင်းရှိ ကညင်၊ မမြ၊ နန်ကသူ၊ ကွန်ချောင်း ရေလှောင်တမံများ၏ ဆည်ရေသောက်စနစ်မှ ရေအသုံးချသူတောင်သူများအဖွဲ့(WUG)များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်က မြန်အောင်ခရိုင်အတွင်းရှိ ကညင်၊ မမြ၊ နန်ကသူ၊ ကွန်ချောင်း ရေလှောင်တမံများ၏ ဆည်ရေသောက်စနစ်မှ ရေအသုံးချသူတောင်သူများအဖွဲ့ (WUG) အဖွဲ့ဝင်များ ဆည်ရေကို အကျိုးရှိစွာ စနစ်တကျသုံးစွဲကြရန်ပြောကြားပြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၉)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မိုးကျော်က ရေအသုံးချတောင်သူများအဖွဲ့ (WUG)နှင့်ဌာနတာဝန်ရှိသူများ ပူးပေါင်း၍ ဆည်ရေကို စနစ်တကျအကျိုးရှိစွာသုံးစွဲရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။


ဆက်လက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဟင်္သာတ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က ဆည်ရေသောက် ဧရိယာအတွင်းရှိစိုက်ပျိုးဧကများ ရေလုံလောက်စွာရရှိနိုင်ရန် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်အောင်ခရိုင်အတွင်းရှိ ကညင်၊ မမြ၊ နန်ကသူ၊ ကွန်ချောင်း ရေလှောင်တမံများ၏ ဆည်ရေသောက်စနစ်မှ ရေအသုံးချသူတောင်သူများအဖွဲ့ (WUG) အဖွဲ့ဝင်များကိုယ်စား တောင်သူတစ်ဦးချင်းက ဆွေးနွေး​တင်ပြ​ချက်များ​ကို မြန်အောင်၊ ကြံခင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်း လင်းဆွေးနွေးခဲ့ကြပြီး အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံစုပေါင်းရိုက်ကူးခဲ့ကြောင်း သိရသည်။


ဝင်းဗိုလ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)