ပါလက်စတိုင်း လခြမ်းနီများသည် ဂါဇာရှိ Al-Quds ဆေးရုံမှ လူနာများနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များကို ရွှေ့ပြောင်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပါလက်စတိုင်း လခြမ်းနီများသည် ဂါဇာရှိ Al-Quds ဆေးရုံမှ လူနာများနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များကို ရွှေ့ပြောင်းပေး


ကိုင်ရို ၊ နိုဝင်ဘာ ၁၅

ပါလက်စတိုင်းလခြမ်းနီအသင်း (PRCS) သည် ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ Al-Quds ဆေးရုံမှ လူနာများနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များကို ကယ်ထုတ်နိုင်ခဲ့ကြောင်း X (ယခင် Twitter) တွင် ဖော်ပြထားသည်။

"ဒါဟာ စိန်ခေါ်မှုနဲ့ အန္တရာယ်များတဲ့ နေ့တစ်နေ့ပါ။ ဒီနေ့၊ ဆေးရုံမှာ ကြေကွဲဖွယ် အခြေအနေကြောင့် ပိတ်မိနေတဲ့ လူနာတွေ၊ ဒဏ်ရာရသူတွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ ဆေးအဖွဲ့တွေကို Al-Quds ဆေးရုံကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဆယ်ရက်ကျော်ကြာ ဝိုင်းရံထားသည့်ကာလအတွင်း ဆေးဘက်ဆိုင်ရာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ဆေးရုံသို့ပို့ဆောင်ဖို့ရာ တားဆီးခံခဲ့ရသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PRCS သည် ဆေးဘက်ဆိုင်ရာဌာနမှ ထွက်ခွာလာသူအရေအတွက်ကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။ လောင်စာဆီပြတ်လပ်မှုနှင့် ဆေးဝါးများ ပြတ်လပ်မှု ကြုံတွေ့နေရသော တောင်ပိုင်းရှိ ဆေးရုံများတွင် ဒဏ်ရာရရှိသူများနှင့် လူနာများအား လိုအပ်သော ဆေးကုသမှုများ ခံယူရန် ပို့ဆောင်ထားကြောင်း ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောကြားခဲ့သည်။

Al-Quds ဆေးရုံမှ ဝန်ထမ်း ၃၀၀ ခန့်နှင့် လူနာများကို ကယ်ထုတ်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ကြောင်း နိုဝင်ဘာ ၁၄ ရက်တွင် PRCS မှ ပြောကြားခဲ့သည်။ နိုဝင်ဘာ ၁၃ ရက်က နယ်မြေအတွင်း လက်နက်ကြီးကျည်ဆန်များ ပြင်းထန်စွာ ကျရောက်မှုကြောင့် ဆေးရုံမှ လူနာများကို ကယ်ဆယ်ရန် ဆေးအဖွဲ့များ စေလွှတ်ထားသော မော်တော်ယာဉ်တန်းသည် ပြန်လည် ဆုတ်သွားခဲ့ရကြောင်း အဆိုပါ အဖွဲ့အစည်းက ပြောသည်။ နိုဝင်ဘာ ၈ ရက်မှာ အာရပ်မီဒီယာတွေက ဆေးဝါးကုသရေးဌာနကို အစ္စရေးက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြခဲ့သည်။ ဆေးရုံနှင့်ကပ်လျက်ရှိ အဆောက်အအုံတစ်ခုတွင် အစွန်းရောက်လှုပ်ရှားမှု ဟားမတ်စ်အဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)