မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် “Aquarius Day” ဖိုရမ်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် “Aquarius Day” ဖိုရမ်ကျင်းပ





MNP ၊  နိုဝင်ဘာ  ၃၀

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် Aquarius နည်းပညာကုမ္ပဏီ၏ ထုတ်ကုန်များအား ပိုမိုနားလည်စေရန် ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန နှင့် Aquarius နည်းပညာကုမ္ပဏီ တို့ပူးပေါင်း၍ “Aquarius Day” ဖိုရမ်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


ဖိုရမ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် သံရုံးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနများ မှ အဆင့်မြင့်အရာရှိကြီးများ၊ IT ပညာရှင် အရာထမ်းများနှင့် နှစ်နိုင်ငံ ပုဂ္ဂလိက နည်းပညာကုမ္ပဏီ များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၀၀) ကျော် တက်ရောက်ခဲ့ပါသည်။


ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အဖွင့်အမှာ စကားပြောကြားရာ၌ ယနေ့  “Aquarius Day” ဖိုရမ်အခမ်းအနားကို မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့်  e-Government  စနစ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ယနေ့ “Aquarius Day” ဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးနှင့် e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပြုနိုင်ရန် ကြိုးပမ်း ကြရမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်း ရေးခရီးစဉ်အတွက် အထောက်အပံ့ကောင်း များစွာရရှိနိုင်သဖြင့် အကျိုးရှိသော ဖိုရမ်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာကံဇော်က e-Government စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ၏ နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးတက်လာစေရေး ဆောင်ရွက်မှုများကို လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Iskander Azizov က နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးနှင့် e-Government  စနစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်ရေးအတွက်  Aquarius ကုမ္ပဏီအပါအဝင် ရုရှား IT ကုမ္ပဏီများအနေဖြင့် နည်းပညာ ဖလှယ်မှုများ၊ IT Solution အတွေ့အကြုံများနှင့် ထုတ်ကုန်များ အကြောင်းကို ပိုမိုနားလည်စေရန် ရည်ရွယ်ပြီး ယခုဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်းနှင့်၊ Aquarius နည်းပညာ ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Vladimir Stepanov က လွတ်လပ်၍ ရေရှည်တည်တံ့သော ရုရှား-မြန်မာ နိုင်ငံတကာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ကြကာ ဖွင့်ပွဲအခမ်း အနားအပြီးတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။


ဆွေးနွေးပွဲများကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ပြီး ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြသည်။


ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Aquarius နည်းပညာကုမ္ပဏီ ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား  လက်ခံတွေ့ဆုံ၍ သတင်းအချက်အလက် လုံခြုံရေးနှင့် အိုင်စီတီနည်းပညာဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်းနှင့် ဖိုရမ်အား ညနေ ၄ နာရီခွဲတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)