MNP ၊ နိုဝင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ Biometric ဆောင်ရွက်ခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ကင်းရုံးရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ရီနှင့် ဝန်ထမ်းများက ကင်းရုံးရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား Biometric လုပ်ငန်းများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ Biometric လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment