ဘေရွတ်၊ နိုဝင်ဘာ ၁
အစ္စရေးနှင့် ဟားမတ်စ် တို့ကြား ဖြစ်ပွားနေသည့် ရန်လိုမှုများကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ အဆက်မပြတ်ရရှိစေရန် နိုင်ငံတကာအသိုက်အဝန်းက ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု Al Mamlaka ရုပ်သံလိုင်းမှ ဂျော်ဒန်ဘုရင် Abdullah II ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြသွားခဲ့သည်။
ပါလက်စတိုင်းအသိုက်အဝန်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းကြေညာရန် လိုအပ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဆွေးနွေးအပြီးတွင် ဘုရင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ “အပစ်အခတ်ရပ်စဲရေး ထူထောင်ဖို့နဲ့ ရန်လိုမှုတွေကနေ နိုင်ငံရေးအရ ပြေလည်မှုပြောင်းဖို့ လိုတယ်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ အရှေ့ဂျေရုဆလင်တွင် မြို့တော်တစ်ခုအဖြစ် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို ဖန်တီးရန်ဖြစ်ပါတယ်" ဟု ပြောသည်။
UNICEF က ဂါဇာဒေသသည် ကလေးငယ်များ၏ သင်္ဂြိုင်းမြေဖြစ်လာကြောင်း ထုတ်ပြန်ပြောဆိုထားပြီး အောက်တိုဘာလ ၂၇ ရက်နေ့တွင် IDF ၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari က ဂါဇာတွင် အစ္စရေး၏ မြေပြင်ထိုးစစ်ကို တိုးချဲ့ကြောင်း ကြေညာခဲ့သည်။
Ref - TASS
https://t.me/MyanmarNationalPost
No comments:
Post a Comment