ဟင်္သာတ နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်သို့ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်းမှတဆင့် ဟင်္သာတမြို့၊ ပခန်းရပ်ကွက်၊ ကမ်းနားဆိပ်သို့ ယနေ့နေ့လည် ၁၁ နာရီက ရောက်ရှိလာခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းအောင်နှင့် အဖွဲ့ဝင်များ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့်မှ ကြိုဆိုခဲ့သည်။
အဆိုပါ မြစ်တွင်းသွား တပ်မတော်ဆေးရုံရေယာဉ် (ရွှေပုဇွန်)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့များသည် ဟင်္သာတမြို့၊ ပခန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လယ်တော်ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း၌ အခြေပြု၍ ဆေးကုသမှုပါရဂူ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေးကုသမှု၊ ဓာတ်မှန်၊ ရောဂါဗေဒ၊ မေ့ဆေး၊ အရိုးရောဂါခွဲစိတ်၊ နား/နှာခေါင်း/ လည်ချောင်းခွဲစိတ်၊ မျက်စိရောဂါခွဲစိတ်၊ သွားရောဂါ၊ အထွေထွေရောဂါကုသမှု ပါရဂူများမှ ဟင်္သာတမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများအား ၅.၁၁.၂၀၂၃ ရက်နေ့မှ ၇.၁၁.၂၀၂၃ ရက်နေ့အထိ (၃) ရက်ကြာ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment