MNP ၊ နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်း ပြည်ပခရီးသွားများထံမှ ပုဂံရှေးဟောင်းသုတေသနပြတိုက် (ပုဂံ)သို့ ဝင်ရောက်လေ့လာသူများထံမှ ၇ လအတွင်း ငွေကျပ် ၂၄၈၉၅၅၀၀ သိန်းကောက်ခံရရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်းပြည်ပခရီးသွားများ ၂၀၂၃ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ (၄၇၀၅၁)ဦး ဝင်ရောက်ခဲ့ပြီး ပြတိုက်ဝင်ကြေး တစ်ဦး(၅၀၀)ကျပ်ဖြင့် (၂၃၅၂၅၅၀၀) ကျပ်သိန်း ကောက်ခံရရှိခဲ့ပြီး ပြည်ပခရီးသွားဧည့်သည် (၂၇၄)ဦး ပြတိုက်သို့ ဝင်ရောက်လေ့လာသူများထံက ပြတိုက်ဝင်ကြေး တစ်ဦး (၅၀၀၀)ကျပ်ဖြင့် ၁၃၇၀၀၀၀ ကျပ်ကောက်ခံရရှိခဲ့ကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပုဂံမြို့ဟောင်းရှိ ရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်းပြည်ပခရီးသွား ၇ လအတွင်း (၄၇၃၂၅) ဦးဝင်ရောက်ခဲ့ရာ ပြတိုက်ဝင်ကြေးကောက်ခံရရှိမှု ၂၄၈၉၅၅၀၀ ကျပ်သိန်းကောက်ခံရရှိခဲ့ကြောင်းသိရသည်။ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ၁၀ နှစ်အောက်ကလေးငယ်များ၊ ရဟန်းတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးတို့အား အခမဲ့ဝင်ရောက်ခွင့် ခွင့်ပြုပေးထားကြောင်းလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ ပြတိုက်တာဝန်ခံ ဒေါ်ခက်ခက်လှ (ဒုတိယညွှန်ကြားရေးမှူး)ထံက သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment