ခွေးရူးကောင်းစား တစ်မွန်းတည့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ခွေးရူးကောင်းစား တစ်မွန်းတည့်


 

ခွေးရူးကောင်းစား တစ်မွန်းတည့်


မြောက်ပိုင်းမဟာမိတ်အမည်ခံ

ပြည်ဖျက်မိစ္ဆာတွေက

အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြ။


တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်

အပြစ်မဲ့ ပြည်သူတွေကို

ထိခိုက်သေဆုံးခဲ့ရ။

ပြည်ပြေး ဝရမ်းပြေး

ပြည်ဖျက်မိစ္ဆာတွေ 

အောင်ပွဲခံခဲ့ကြ။


တပ်မတော်ကို အပြုတ်တိုက်

အပြတ်စော်မယ်လို့ စိတ်ကူးယဉ်ခဲ့ကြ

တခဏပါပဲ။


သည်ခံခြင်း ခွင့်လွှတ်ခြင်းတွေနဲ့

ရွှေလက်ကမ်းခဲ့တဲ့ တပ်မတော်

သည်းခံနိုင်စွမ်းကုန်ခမ်းပြီလို့

ပြောခဲ့ပြီနော်။


အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေး

မြေပြင် ဝေဟင် ပူးပေါင်းစစ်ဆင်လို့

ပြည်သူတွေရဲ့ လိုလားချက်ကို

ဖြည့်ဆည်းပေးခဲ့ပြီ။


အကြမ်းဖက်သမားတွေ အတုန်းအရုန်း 

ဘယ်လိုတုန်း အောင်ပွဲခံနေကြအုံးလား

မျက်ရည်ခြူ ခွက်ခေါက်

ပရိုဖိုင် အနက်ရောင်ဖောက်လို့

စို့နင့်ကြေကွဲပြအုံးမလို့လား။


ပြည်ဖျက်မိစ္ဆာတွေရဲ့ မာယာ

ခွေးရူးကောင်းစား တစ်မွန်းတည့်ဆိုတာ

ဆင်ခြင်ဉာဏ် အလွန်မွဲပြီး

ပြည်ပြေး ဝရမ်းပြေးတွေရဲ့ အသုံးချခံ

အကြမ်းဖက်သောင်းကျန်းသူတွေရဲ့

တစ်ခဏတာ အောင်ပွဲနဲ့

တစ်ဘဝစာ အလွဲ ။   ။


(တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များ အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေး တိုက်ပွဲတိုင်း အောင်မြင်ပါစေ။)

နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)