MNP ၊ နိုဝင်ဘာ ၉
ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အတွက် မြို့နယ် မီးသတ်ဦးစီးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန် မြို့မ ဈေး ကြီး အတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်း စစ် ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝင်များ ၊ ဈေးကော်မတီအဖွဲ့တို့မှ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင် များ တွင် ဈေးရောင်း ချသူများ အနေဖြင့် မီးဘေးလုံခြုံရေး ၊ မီးကို စနစ်တကျ သုံးစွဲကြရေး ၊ မီးဘေး မပေါ့ကြစေရန် နှင့် ဈေး အတွင်း မတော် တဆ မီးလောင်မှု ဖြစ်ပွားပါက ရှေးဦးစွာ မီးငြိမ်း သတ် ဆေးဘူးဖြင့် စနစ်တကျ ဖြင့် မီးငြိမ်းသတ်မှုများ ၊ ဈေး အတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက် မီးချိတ် ၊ မီးကပ်များ ကြံ့ခိုင်မှုရှိ/မရှိ ၊ မီးသတ်ဆေးဘူး များတွင် (လေပေါင်)ရှိ/မရှိ ၊ သဲ အိတ် များ ၊ရေပုံး၊ ရေပိုက်ခေါင်းများ ၊ မီးသတ်ဆေးဘူးများအား အလွယ်အတူ အသုံး ပြုနိုင်ရန် အ ဆင်သင့် ဆောင် ရွက် ထားရှိရေး ၊ မီးသတ် ဆေး ဘူး များ ဟောင်းနွမ်းနေပါက အသစ် လဲလှယ်စေရေး ၊ ရေစုကန် များ အတွင်း ရေလုံ လောက် စွာရှိ/မရှိ ၊ အပေါ့စားရေစုပ် အား ကောင်း/မကောင်းစစ်ဆေးပြီး ဈေးအတွင်း လှည့်လည် ကြည့်ရူ စစ် ဆေး အကြုံ ပြုခဲ့ကြ ကြောင်း သိရသည်။
သက်လွင်စိုး မောင်တော
https://t.me/MyanmarNationalPost
No comments:
Post a Comment