TNLA အကြမ်းဖက်အုပ်စုက ဖျက်ဆီးသွားသော လမ်းပိုင်း တပ်မတော်က ပြင်ဆင်ပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

TNLA အကြမ်းဖက်အုပ်စုက ဖျက်ဆီးသွားသော လမ်းပိုင်း တပ်မတော်က ပြင်ဆင်ပြီးဖြစ်








MNP ၊ နိုဝင်ဘာ ၉

နောင်ချိုမြို့နယ်၊ အုမ္မသီး /အုမ္မခါး လမ်းပိုင်းအား TNLA အကြမ်းဖက်သောင်းကျန်းသူများက အများပြည်သူ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိစေရန် ဖျက်ဆီးသွားခဲ့ရာ အကြမ်းဖက်သမားများကို နှိမ်နင်းပြီး တပ်မတော်က ပြန်လည် ပြုပြင်ပေးထားကြောင်း သိရသည်။

ဒေသခံတစ်ဦးက "တပ်မတော် စစ်ကြောင်းထိုးလို့ မရအောင် အကြမ်းဖက်သမားတွေက လုပ်သွားတာပေါ့ဗျာ။ လမ်းမကြီးကို ဘက်ဟိုးနဲ့ ဖျက်ဆီးသွားတာ။ တူးချသွားတာ လူတစ်ရပ်ကျော်တယ်။ တပ်မတော်စစ်ကြောင်းထိုးလာပြီး အကြမ်းဖက်အုပ်စုကို ရှင်းပြီးတော့ အခု လမ်းပိုင်းကိုလည်း ပြင်ဆင်ပေးသွားပြီလို့ သိရပါတယ်။" ဟု ပြောသည်။

ရှမ်းပြည် (မြောက်ပိုင်း)တွင် MNDAA, TNLA, AA, PDFတို့က အောက်တိုဘာ ၂၆/၂၇ ရက်မှစ၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာခြင်းကြောင့် တပ်မတော်က နှိမ်နင်းဆောင်ရွက်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)