ရှမ်းပြည် (မြောက်ပိုင်း)မှာ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့ မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့အမည်ခံ MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများရဲ့ တိုက်ခိုက်မှုကြောင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အပြစ်မဲ့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတယ်။ ထင်မှတ်မထားတဲ့အချိန်မှာ စစ်မျက်နှာ ဖွင့်လာတယ်ဆိုပေမယ့် သတိမပြုကြလို့ပါ။ အောက်တိုဘာ ၂၆ ရက်နေ့ကတည်းက TNLA က နောင်ချိုမြို့နယ်အတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှု စတင်ခဲ့တာ ဖြစ်ပါတယ်။
စာရေးသူရဲ့ ယုံကြည်ချက် စာပေကရတဲ့ အသိပညာလို့ဆိုရင်လည်း ရနိုင်တယ်။ အဲဒါက ဘာလဲဆိုရင်တော့ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်စောင့်ရှောက်နေတဲ့ သူတွေကို တိုက်ခိုက်ခြင်းဟာ အကြီးမားဆုံး ပြစ်မှုပဲ။ အကြီးမားဆုံး ပစ်မှုကို ကျူးလွန်နေကြသူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးရမှာ ဖြစ်ပါတယ်။ တပ်မတော်အရာရှိတစ်ဦး၊ ရဲအရာရှိတစ်ဦး လွဲမှားတဲ့ ဆောင်ရွက်ချက်တွေ့ရင် ကျွန်တော်တို့ ဝေဖန်ထောက်ပြမယ်။ သည်းမခံနိုင်လောက်အောင်ဖြစ်လာရင် ဆန္ဒထွက်ပြမယ်ဗျာ။ အဲဒီပုဂ္ဂိုလ်ဟာ ရာထူးတာဝန်ကို အလွဲသုံးစားလုပ်နေတယ်ဆိုရင်လည်း ဖြုတ်ပယ်ပေးဖို့ တောင်းဆိုမယ်ဗျာ။ တပ်မတော်မှာ ဒီအတိုင်းပဲ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ သင့်တော်မယ်ထင်လို့ တာဝန်ပေးတယ်။ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာတယ်။ ဒါမျိုးဖြစ်လာရင် အရေးယူဆောင်ရွက်ခဲ့တဲ့ သာဓကတွေ ယခင်အစိုးရလက်ထက်များမှာလည်း ရှိခဲ့တယ်။ ယခု နစကအစိုးရလက်ထက်မှာလည်း ရာထူးတာဝန်ကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာလိုမှုကြောင့် အရေးယူခဲ့ရတာတွေ ရှိတာပဲ။
မည်သို့ပင်ဆိုစေ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်စောင့်ရှောက်နေတဲ့ သူတွေကို တိုက်ခိုက်ခြင်း၊ အသက်အန္တရာယ်ကို ရန်ပြုခြင်းဟာ ကြီးမားသောအပြစ် ဖြစ်ပါတယ်။ အဲဒီလို ခွင့်လွှတ်နိုင်စရာ မရှိတဲ့ ပြစ်မှုကို ကျူးလွန်ထားသူတွေအပေါ် သည်းခံခွင့်လွှတ်ခြင်းပေါင်းများစွာနဲ့ သည်းခံခွင့်လွှတ်ခဲ့ကြတယ်။ ဒါကတော့ တပ်မတော်အကြီးအကဲများကို ပြတ်ပြတ်သားသား ဝေဖန်ခြင်းဖြစ်ပါတယ်။ အစောပိုင်းက ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာလည်း ဒါကိုပဲ အထိကထားပြီး ပြောခဲ့ပါတယ်။ တပ်မတော်အကြီးအကဲများက ငြိမ်းချမ်းရေးကို ရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အမည်ခံပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေတဲ့သူတွေကို အခွင့်အရေးတွေ အဆမတန်ပေးတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် စိတ်ဓာတ်အရင်းခံနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များမှာ အဲဒီလို မျက်နှာသာပေးခြင်း မခံရ၊ အခွင့်အရေးမရတဲ့အခါကြတော့ အဂတိမှုဆိုတာတွေ ဖြစ်လာတယ်။ ဒါက ဆက်စပ်ပြီး စာရေးသူအနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။ အဂတိမှုတွေ လျော့ပါးစေဖို့ တိုင်းပြည်တာဝန်ထမ်းဆောင်နေကြသူများကို ပေးသင့် ပေးထိုက်တဲ့ အခွင့်အရေးတွေ ပေးရမယ်။ ပေးခဲ့တဲ့ သာဓကတွေလည်း ရှိပါတယ်။
နိုင်ငံဝန်ထမ်းများကလည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးရပြီးရင် ပြည်သူလူထုအကျိုးကို စစ်မှန်တဲ့ စေတနာနဲ့ ဥပဒေစိုးမိုးရေး တည်ငြိမ်အေးချမ်းရေးကို အလေးထားပြီး ဆောင်ရွက်ကြရမယ်။ တပ်မတော်နဲ့ ပြည်သူကြားမှာ ပြည်ဖျက်မိစ္ဆာတွေက အစဉ်သဖြင့် သွေးခွဲခဲ့ကြတယ်။ ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ကြံဖန်တီး ဝါဒဖြန့် ပြောဆိုမှုတွေနဲ့ တကယ့်အမှန်တရား ဘယ်လောက်အထိ ကွာဟသလဲဆိုတာ ယခု နစကအစိုးရလက်ထက်မှာ အထင်အရှား မြင်တွေ့ရတာပဲ မဟုတ်ပါလား။ ပြည်ဖျက်မိစ္ဆာတွေရဲ့ ဝါဒမှိုင်းမိနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ နယ်ပယ်ပေါင်းစုံက ဝန်ထမ်းတွေက တိုင်းဖျက် ပြည်ဖျက် CDM လမ်းစဉ်နောက်ကို လိုက်ပါသွားကြတယ်။ သူတို့ CDM လုပ်လိုက်ရင် အစိုးရယန္တရားကြီး ပျက်ပြီလို့ လွယ်လွယ်တွေးခဲ့ကြတာ ဖြစ်ပါတယ်။ တပ်မတော် ဆိုတဲ့ အဖွဲ့အစည်းကြီးက ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ နည်းလမ်းပေါင်းစုံနဲ့ ထိုးနှက်တိုက်ခိုက်မှုတွေကို အစဉ်သဖြင့် ကြုံတွေ့ခဲ့ရတာ ဖြစ်တဲ့အတွက် အဘက်ဘက် က ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောရင်လည်း မမှားပါဘူး။ ပညာရေး နယ်ပယ်မှာ လိုအပ်သလား။ တပ်မတော်အရာရှိ ပညာတတ်တွေနဲ့ ဖြည့်ဆည်းပေးလို့ရတယ်။ အဆင်သင့်ရှိနေတယ်။ ကျန်းမာရေးကဏ္ဍအတွက် နစကအစိုးရတပ်လာပြီးချိန်ကတည်းက တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ တစ်ရက်တောင် မနားရဘူး။ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို တောကြိုအုံကြား ဇနပုဒ်အထိ အခမဲ့ လိုက်လံကုသပေးနေတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူတွေမှာ အခကြေးငွေ များစွာပေးပြီး အထူးကု၊ ပါရဂူဆိုတာတွေနဲ့ မကုနိုင်ဘူး။ တပ်မတော်က နယ်လှည့်ဆေးကုသရေးအဖွဲ့မှာ ကဏ္ဍအလိုက် အထူးကု၊ ပါရဂူတွေနဲ့ ကုသခွင့်ရတဲ့အခါ သူတို့ရင်ထဲက ပီတိကို သူတို့ကိုယ်တိုင်တောင် ပုံဖော်ပြီးမပြောနိုင်လောက်တဲ့အထိ ပီတိဖြစ်ကြရတယ်။ တပ်မတော်သားများက ပြည်ဖျက်မိစ္ဆာများကဲ့သို့ လုပ်ကြံလီဆည်ပြောဆိုမှုတွေတော့ မလုပ်တတ်ကြပါဘူး။ လက်တွေ့ကျကျ သူတို့လုပ်ပေးနိုင်တဲ့ အလုပ်ကို လုပ်ပေးဖို့ ဝန်မလေးဘူးဆိုတာတော့ သက်သေပါပဲ။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပခဲ့ရပါတယ်။ အကြောင်းကတော့ ရှမ်းပြည် (မြောက်ပိုင်း) အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာနဲ့ ပတ်သက်လို့ ဆေးနွေးတင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှင်းလင်းတင်ပြသွားတဲ့ အချက်တွေကို လိုရင်းတိုရှင်း အနှစ်ချုပ်လိုက်မယ်ဆိုရင် ဖုန်ကြားရှင်ဦးဆောင်တဲ့ MNDAA ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေကို ကွက်ကွက်ကွင်းကွင်း သိမြင်နားလည်စေပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မြောက်ပိုင်းမဟာမိတ်အမည်ခံ (၃)ဖွဲ့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ဆွေးနွေးစဉ်မှာတော့ အပြုသဘောဆန်တဲ့ ရလာဒ်တွေ ထွက်ပေါ်ခဲ့ပြီး တစ်ဖက်မှာ တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတယ်ဆိုတာကို ပေါ်လွင်အောင် ပြောသွားခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ အမည်ခံပြီး ယောက်ျားစိတ်ဓာတ် မရှိဘူး။ ခေါင်းဆောင်စိတ်ဓာတ် မရှိဘူး။ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ရှေးရှုခြင်း မရှိဘူးဆို ပေါ်လွင် ထင်ရှားပါတယ်။
တပ်မတော်ခေါင်းဆောင်ကြီးများက အဲဒီလောက်အထိ အောက်တန်းကျတဲ့ သူတွေကို လူရားသွင်းခဲ့တယ်။ တကယ်တော့ ပြည်သူလူက တိုင်းရင်းသားလက်နက်ကိုင် အမည်ခံပြီး ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ဒုက္ခပေးသူတွေ၊ တိုင်းရင်းသား ပြည်သူများကြား စိတ်ဝမ်းကွဲအောင် လုပ်ဆောင်နေကြသူတွေဆိုတာကို သိတဲ့အတွက် သူတို့အပေါ်ယုံကြည်လေးစားမှုက နည်းနည်းလေးမှ မရှိပါဘူး။ တပ်မတော်အကြီးအကဲများက ဒေတာနဲ့ ထောက်ပြပြောဆိုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူအနေနဲ့ကတော့ ဝေဒနာနဲ့ ပြောဆိုခြင်း ဖြစ်ပါတယ်။ KIA ခေါင်းဆောင်များကလည်း ကချင် နဲ့ ဗမာကို သွေးခွဲသပ်လျှိုပြီး အာဏာတည်ဆောက်နေတာ ဖြစ်သလို KNU ခေါင်းဆောင်များကလည်း ကရင်နဲ့ ဗမာ ကို သွေးခွဲသပ်လျှိုပြီး အာဏာတည်ဆောက်နေကြတာ ဖြစ်ပါတယ်။ အလားတူ AA လည်း ထိုနည်းလည်းကောင်းပါပဲ။ TNLA ဆိုရင် ရှမ်း၊ ဗမာ၊ ပလောင် သွေးခွဲပြီး အာဏာတည်ဆောက်နေကြသူတွေ ဖြစ်ပါတယ်။ ပြည်သူလူထုကြားမှာ အမုန်းတရားမရှိဘူး။ ရည်ရွယ်ချက်ရှိရှိ သူတို့တွေကပဲ အမုန်းတရားတွေ ဖြန့်ဝေနေတဲ့အတွက်ကြောင့် ပြည်သူလူထုကြားမှာ အမုန်းတရားတွေ ကြီးထွားလာခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ မူဝါဒဖြစ်တဲ့ ဒို့တာဝန် အရေး (၃)ပါး မှာ ပါရှိတဲ့ "တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး" ဆိုတဲ့ မူကို တပ်မတော်အကြီးအကဲများက မျက်နှာသာပေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များက ချိုးဖောက်နေခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလုထုကြားမှာ မူမမှန်တဲ့ ခေါင်းဆောင်မပီသတဲ့ တိုင်းရင်းသား ခေါင်းဆောင်အမည်ခံ လူယုတ်မာများရဲ့ သွေးခွဲ သပ်လျှိုမှုကြောင့် အမုန်းတရားတွေ ပေါ်ပေါက်လာတယ်။ ဟုတ်/ မဟုတ် စစ်တမ်းထုတ်ကြည့်လို့ ရပါတယ်။
ခေါင်းဆောင်မပီသတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အမည်ခံ မိန်းမလို မိန်မရ အောက်တန်းကျလွန်းတဲ့ ပြည်ဖျက်မိစ္ဆာတွေရဲ့ သရုပ်မှန်ကို ကာလုံအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး က ချပြပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရှင်းလင်းပြောကြားချက်မှာ "ဖြစ်စဉ်တွင် MNDAA နှင့်အတူ KIA ၊ TNLA ၊ AA နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ပါဝင်ခဲ့သည်ကိုတွေ့ရကြောင်း၊ အဓိကအနေဖြင့် MNDAA နှင့် TNLA အဖွဲ့မှဖြစ်ကြောင်း။ ၎င်းတို့အနေဖြင့် တစ်ဖက်မှ ချင်းရွှေဟော်အားတိုက်ခိုက်ပြီး တစ်ပြိုင်တည်းတွင် ကွမ်းလုံကို စိမ့်ဝင်လာသည့်အဖွဲ့များဖြင့် ထိုးဖောက်တိုက်ခိုက်ခဲ့ကြောင်း၊ TNLA ကလည်း သိန္နီကို ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်နိုင်အောင်တိုက်ခိုက်ခဲ့ကြောင်း၊ လားရှိုးမြို့ကိုလည်း နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ နောင်ချိုအနီးမန္တလေး- လားရှိုးဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်အောင် ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ MNDAA မှတိုက်ခိုက်လျက်ရှိချိန်တွင် KIA အနေဖြင့် ကချင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စခန်းငယ်တစ်ခုကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တုံ့ပြန်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ MNDAA အဖွဲ့အနေဖြင့်လည်း ထိခိုက်ကျဆုံးမှုများစွာဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သော ပြန်လည်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။" ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီအချင်းအရာကို ကြည့်ခြင်းအားဖြင့် သူယုတ်မာများ စုပေါင်းပြီး တပ်မတော်ကို အပြတ်အသတ် ဗျင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အမည်ခံ ပြည်ဖျက်မိစ္ဆာများဟာ တပ်မတော်ကို နှစ်ပေါင်း(၇၀)ကျော်ကြာ တော်လှန်ခဲ့ကြောင်း တဖွဖွ ပြောဆိုလေ့ ရှိကြပါတယ်။ ဘယ်တုန်းကမှ တပ်မတော်ကို မနိုင်ခဲ့သလို ယခုလည်း မနိုင်ဘူးဆိုတာ ပြည်သူတစ်ယောက်အနေနဲ့ ယုံကြည်ပါတယ်။ ဆက်စပ်ပြီး ပြောစရာဖြစ်နေတာက တပ်မတော်ကလည်း ဘယ်တုန်းကမှ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် အမည်ခံ သူယုတ်မာတွေကို ပြတ်ပြတ်သားသား မရှင်းခဲ့ဘူး။ အကျိုးဆက်က ပြည်ဖျက်မိစ္ဆာ သူယုတ်မာများကို ပြတ်သားစွာ မနှိမ်နင်းဘဲ မွေးမြူထားသလို ဖြစ်နေခြင်းကြောင့် ပြည်သူလူထုမှာ မကြာခဏ အတိဒုက္ခရောက်ရတဲ့ အဖြစ်ဆိုးမျိုးတွေ ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
ကာလုံအစည်းအဝေး (၃/၂၀၂၃) အဆုံးသတ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စွမ်းရည်မြှင့်တင်ဖို့ လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြန်လည်ရှင်းလင်း ဆွေးနွေးချက်ကို မူတည်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို -
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏မူဝါဒတွေ ဖြစ်တဲ့ မျိုးချစ်စိတ်ရှိဖို့၊ စွမ်းရည်ပြည့်ဝဖို့၊ ခေတ်မီတဲ့ ရဲတပ်ဖွဲ့ဖြစ်ဖို့နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ရည်မှန်းချက်တာဝန်များဖြစ်တဲ့ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး ကိစ္စများကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ထံ တင်ပြချက်ကို သီးခြားရေးသားပါအုံးမယ်။
ကာလုံအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန်ရှိသူများရဲ့ သုံးသပ်တင်ပြချက်များကို အခြေခံပြီး ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိဖြစ်ပွားနေသည့် နယ်စပ်ဒေသ သောင်းကျန်းသူများအရေးကိစ္စနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ယခုကဲ့သို့ စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း၊ ယခုကိစ္စသည် သေသေချာချာ စနစ်တကျ ကိုင်တွယ်သွားရန်လိုကြောင်း၊ ယခုကဲ့သို့ တိုင်းပြည်အတွက် အရေးကြီးသည့်ကာလတွင် တစ်နိုင်ငံလုံးက တပ်မတော်ကို ထောက်ခံအကူအညီပေးရန်လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် အသက်စွန့်တာဝန်ထမ်းဆောင်ကာကွယ်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုရရှိနေခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
တပ်မတော်အကြီးများကို စာရေးသူ တင်ပြလိုတာက တပ်မတော်အကြီးအကဲများက နိုင်ငံရေးကို ဝေဒနာနဲ့ မလုပ်ဘဲ ဒေတာနဲ့ အလုပ် လုပ်နေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူများ ခံစားနေရတဲ့ ဝေဒနာက တပ်မတော်က အပြုသဘောဆန်ဆန် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များကို လေးစားတန်ဖိုးထားပြီး လူရာသွင်းခဲ့ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်အမည်ခံထားတဲ့ ပုဂ္ဂိုလ်များမှာ အခုလိုပဲ မိန်းမလို မိန်းမရ ကောက်ကျစ်ယုတ်မာ အောက်တန်းကျစွာ အကြမ်းဖက်မှုတွေ လုပ်ဆောင်လာတဲ့အခါမျိုးမှာ အတိဒုက္ခရောက်ရတာ ပြည်သူတွေ ဖြစ်ပါတယ်။ အခုဆိုရင်ပဲ KIA, MNDAA, TNLA, AA, PDF အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ ရက်စက်ယုတ်မာမှုကြောင့် ပြည်သူပေါင်းများစွာ သောင်းနဲ့ချီပြီး စစ်ဘေးဒုက္ခ ခံစားနေကြရပါပြီ။ နောက်နောင် အဲဒီလို အောက်တန်းကျ ကောက်ကျစ်ယုတ်မာသော တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အမည်ခံ သူယုတ်မာများရဲ့ ဒုက္ခပေးခြင်း မခံရအောင် ပြတ်ပြတ်သားသား နှိမ်နင်းပေးဖို့ တောင်းဆိုလိုခြင်း ဖြစ်ပါတယ်။
တပ်မတော်က အကြမ်းဖက်သောင်းကျန်းသူများကို နှိမ်နင်းခြင်းကြောင့် တပ်မတော်အပေါ် ပြစ်တင်ပြောဆိုလာတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့ရင် အမျိုးသားရေးအလေးထားတဲ့ ပြည်သူများက တပ်မတော်နဲ့ တသားတည်း ရပ်တည်ပြီး အကြမ်းဖက်နှိမ်နင်းရေးလုပ်ဆောင်တဲ့ တပ်မတော်အပေါ် ပြစ်တင်ပြောဆိုလာတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း မည်သူ့ကိုမဆို ပြတ်သားစွာ ဆန့်ကျင်တုန့်ပြန်သွားဖို့ အဆင်သင့် ဖြစ်ပါကြောင်း လေးစားစွာ တင်ပြလိုက်ရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အဖွဲ့တွေဟာ NLD ပါတီကနေ ပေါ်ပေါက်လာတဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြည်သူလူထုအတိဒုက္ခရောက်အောင် အစဉ်တစိုက် လုပ်ဆောင်နေကြတယ်။ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်းများစွာ အကြမ်းဖက်သောင်းကျန်းသူများရဲ့ လက်ချက်နဲ့ ဆုံးပါးခဲ့ရတယ်။ တပ်မတော်အကြီးအကဲများက ယနေ့ထိတိုင်အောင် အကြမ်းဖက် သောင်းကျန်းသူ ပြည်ဖျက်မိစ္ဆာများရဲ့ အပေါ်မှာ သည်းခံခွင့်လွှတ်ထားတာကို မြင်တွေ့နေရတဲ့အခါ ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေမှာ နောက်ကျောမလုံတော့ဘူး။ တပ်မတော် ဘာလဲ၊ ဘယ်လဲ ဆိုတဲ့ မေးခွန်းထုတ်မှုတွေ ဖြစ်လာခြင်းကြောင့် မဆိုင်းမတွဘဲ တပ်မတော်အနေနဲ့ အကြမ်းဖက်သောင်းကျန်းသူ ပြည်ဖျက်မိစ္ဆာများကို ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ပေးပါ့တော့ ။ ။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment