နေပြည်တော်၊ နိုဝင်ဘာ ၉
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ် သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ နှင့် ဝန်ထမ်းအိမ်ရာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ် များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ တောင်ပြင်ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ဦးခန့်က အင်းတန်းကျေးရွာဘက်မှနေ၍ Drone ယာဉ်ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဝန်ထမ်းအိမ်ရာအတွင်း မြေကွက်လပ်သို့ Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါမြေကွက်လပ်တွင် ဆော့ကစားနေကြ သည့် ဝန်ထမ်းအိမ်ရာနေ မောင်တင်ထူးအောင်(၁၀)နှစ်၊ မောင်သော်ဇင်ခန့်(၁၁)နှစ်၊ မောင်ရဲဇင်ထွန်း (၆)နှစ်၊ မောင်ကောင်းထက်မြတ်(၉)နှစ်၊ မောင်မြင့်မြတ်အောင်သူ(၉)နှစ်၊ မစုရတီလင်း(၈)နှစ်၊ မယွန်းရတီမှုံ(၇)နှစ်၊ မမေသူဆန်းမြင့်(၆)နှစ်၊ မအိန္ဒြေဇင်(၁၂)နှစ်နှင့် မယွန်းမေသော်(၈)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment