ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး ပြည်သူလူထု စိတ်ပူစရာမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း အာမခံ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး ပြည်သူလူထု စိတ်ပူစရာမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း အာမခံ ပြောကြား



MNP ၊ နိုဝင်ဘာ ၁၇

ပြည်သူလူထုကြားတွင် အကြမ်းဖက်လှုံ့ဆော်သူများနှင့် ပြည်ဖျက်မီဒီယာများက ငွေရေးကြေးရေးနှင့် ပတ်သက်၍ မဟုတ်မမှန်သတင်းများ မကြာခဏ လုပ်ကြံဖန်တီး ဖြန့်ဝေမှုများ ပြုလုပ်နေမှုအပေါ် နစကအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက "ကျွန်တော်တို့ အာမခံနိုင်တာက ငွေရေးကြေးရေး အနေနဲ့ အလုံအလောက် ရှိပါတယ်" ဟု ယနေ့ ည ထုတ်ပြန်ပြောကြားသည့် ရုပ်သံတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

ငွေရေးကြေးရေးနှင့် ပတ်သက်၍ ကောလဟလများ ဖြန့်ချိလာမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း က "ယခင်အပတ်တုန်းကတော့ စက်သုံးဆီနဲ့ ပတ်သက်တာ ကောလဟလတွေ ထုတ်လွှင့်ခဲ့တာ ရှိပါတယ်။ ကျွန်တော်တို့ စက်သုံးဆီနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ပြီး နောက်ပိုင်းမှာ စက်သုံးဆီနဲ့ ပတ်သက်တဲ့ ကောလဟလငြိမ်ကျသွားပြီး အခု နောက်ထပ် ဝါဒဖြန့်မှုတစ်ခုပေါ့ ဘဏ်တွေနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ ဘဏ်တွေမှာ ငွေေရေးကြေးရေး အလုံအလောက်မရှိဘူးတို့၊ ဘဏ်တွေမှာ ငွေထုတ်နေပြီဆိုတာတွေ ဆောင်ရွက်နေတာ ရှိပါတယ်။"ဟု ပြောဆိုသည်။

ငွေရေး ကြေးရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက  ဒါ ပြည်သူလူထု အနေနဲ့ သိရှိထားဖို့ကတော့ ဘဏ်တွေနဲ့ ပတ်သက်ပြီးတော့ ဗဟိုဘဏ်ကလည်း ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ ကျွန်တော်တို့ အာမခံနိုင်တာက ငွေရေးကြေးရေး အနေနဲ့ အလုံအလောက် ရှိကြောင်း၊ ဗဟိုဘဏ်အနေနဲ့လည်း ငွေရေးကြေးရေး ထုတ်/သွင်းမှုအပေါ်မှာ မူတည်ပြီးတော့ ဘဏ်တွေမှာ ငွေသားလက်ကျန်၊ ငွေသားထုတ်ပေးနိုင်မှု ချိန်ညှိဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒါနဲ့ ပတ်သက်ပြီးတော့ စိတ်ပူစရာမရှိဘူးလို့ ကျွန်တော်တို့ အာမခံ ပြောကြားနိုင်ပါကြောင်း ရှင်းလင်းပြောဆိုသွားခဲ့သည်။

        

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)