“အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတို့အကြား ဒေသတွင်း ပို့ဆောင်ဆက်သွယ်မှု တိုးတက်ရေးနှင့် သာယာဝပြောမှု မျှဝေရေးဖိုရမ်” သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

“အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတို့အကြား ဒေသတွင်း ပို့ဆောင်ဆက်သွယ်မှု တိုးတက်ရေးနှင့် သာယာဝပြောမှု မျှဝေရေးဖိုရမ်” သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်





MNP ၊ နိုဝင်ဘာ ၃၀

အာဆီယံ-တရုတ် ဗဟိုဌာနမှ ကြီးမှူး၍ လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင် ကျန်းမြို့နှင့် လွန်ပရာဘန်မြို့တို့၌ ၂၆-၁၁-၂၀၂၃ ရက်နေ့မှ ၂၉-၁၁-၂၀၂၃ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့် “အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းတို့အကြား ဒေသတွင်း ပို့ဆောင် ဆက်သွယ်မှုတိုးတက်ရေးနှင့် သာယာဝပြောမှုမျှဝေရေးဖိုရမ်” သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တို့ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

အဆိုပါဖိုရမ်သည် အာဆီယံပို့ဆောင်ဆက်သွယ်မှု မဟာစီမံကိန်း ၂၀၂၅ (Master Plan on ASEAN Connectivity – MPAC 2025) နှင့် Belt and Road Initiative (BRI) တို့ အကြား ပိုမိုကောင်းမွန်သော ချိန်ညှိမှုရရှိစေရန်နှင့် ကိုဗစ်-၁၉ ကာလအလွန် ဒေသ တွင်း ချိတ်ဆက်ဆောင်ရွက်မှုကို တသမတ်တည်း အဆင့်မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က အာဆီယံ-တရုတ် ဆက်သွယ် ပေါင်းစည်းမှုလုပ်ငန်းစဉ်များနှင့် အောင်မြင်မှုများအပေါ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)