MNP ၊ နိုဝင်ဘာ ၁၇
ရန်ကုန်သီလဝါဆိပ်ကမ်းဒေသကြီးရှိ စက်သုံးဆီ Terminal များမှ စက်သုံးဆီများအား ဆီသယ်ယာဉ်များဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ နေ့ညမရွေး အဆက်မပြတ်ဖြည့်တင်း သယ်ယူပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိသဖြင့် နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်အားလုံးတွင် စက်သုံးဆီလာရောက်ဝယ်ယူမှုအခြေအနေမှာ ယခင်ကဲ့သို့ပုံမှန်အတိုင်းဖြစ်ပြီး စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စစ်ဆေးရေးအဖွဲ့များဖွဲ့စည်းပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမှ အများပြည်သူသို့ စက်သုံးဆီရောင်းချနေမှုများကို စစ်ဆေးဆောင်ရွက်ခြင်း၊ အများပြည်သူသို့ ရောင်းချပေးသည့်စက်သုံးဆီများ အခြင်အတွယ်မှန်ကန်ကိုက်ညီမှုရှိစေရန်အတွက် လီတာ(၂၀) စံခြင်ခွက်များဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် စက်သုံးဆီ အရောင်းဆိုင်များသို့ စက်သုံးဆီလာရောက်ဝယ်ယူသူများနှင့်တွေ့ဆုံပြီး လိုအပ်ချက်များအား ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment