MNP ၊ နိုဝင်ဘာ ၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် တာဝန်ရှိသူများသည် အောက်တိုဘာ(၃၁)ရက် ညနေ(၃)နာရီက အင်းလေးဖောင်တော်ဦး ဘုရားရှေ့အင်းရေပြင်တွင် ဖောင်တော်ဦးမြတ်စွာဘုရား ရှပ်ရှင်တော်မြတ်များ(၂၁)ဌာနသို့ လှည့်လည်ကြွချီအပူဇော်ခံပြီး မူလကိန်းဝပ်စံပယ်တော်မူရာ စံကျောင်းတော်သို့ ပြန်လည်ကြွဝင်သည့် ပွဲတော်တွင်အင်းလေးရိုးရာ လှေပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသား(၄၆)တက်၊ အမျိုးသမီး(၂၆)တက်နှင့် အမျိုးသားရာကျော်လှေအုပ်စုအဆင့် ပြိုင်ပွဲယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ လှေပြိုင်ပွဲစတင်ကျင်းပရာ အမျိုးသားရာကျော်လှေပြိုင်ပွဲတွင် ဇရပ်ကြီးရွာ၊ ရွာကြီးရှေ့ရွာ၊ ရွှေပြည်သာရွာ၊ အိုးကုန်ရွာ၊ ရေတန်းရွာ၊ လယ်သစ်အောက်ရွာ၊ ကေလာရွာ၊ ရွာကြီးမြောက်၊ မြောင်းဝကြီးရွာ၊ ရွာကြီးအောက်ရွာ၊ မင်းကျောင်းရှေ့ရွာ၊ ရွှေပြည်သာ(အောက်ရွာ)၊ တောင်ခြေရွာတို့ ယှဉ်ပြိုင်နေမှုနှင့် အမျိုးသား(၄၆)တက် ပြိုင်ပွဲတွင် အိုင်ထောင့်ကြီးရွာ၊ ဇရပ်ကြီးရွာ၊ ကေလာရွာ၊ မိုင်းသောက်ရွာ၊ စည်သာရွာ၊ ရွာကြီးတောင်၊ ရေသာကုန်းရွာ၊ မြောင်းဝကြီးရွာတို့ ယှဉ်ပြိုင်ကြပြီး အမျိုးသမီး(၂၆)တက်ပြိုင်ပွဲတွင် ကေလာရွာနှင့် မိုင်းသောက်ရွာ၊ ညောင်ဦး(က)နှင့်(ခ)တို့ ယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများမှ ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။
ထို့နောက် နိုဝင်ဘာ(၁)ရက်နေ့တွင် အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲကျင်းပရာ အင်းလေးရိုးရာ လှေပြိုင်ပွဲ အမျိုးသား(၄၆)တက်၊ အမျိုးသားရာကျော်လှေပြိုင်ပွဲ၊ အမျိုးသမီး(၂၆)တက် ပြိုင်ပွဲ စတင်ကျင်းပရာ အိုင်ထောင့်ကြီးရွာနှင့် ကေလာရွာ၊ စည်သာရွာနှင့်ရေသာကုန်းရွာ၊ အမျိုးသားရာကျော်လှေ ပြိုင်ပွဲတွင် ရွာကြီးရှေ့ရွာ၊ မင်းချောင်းရှေ့ရွာ၊ ကေလာရွာနှင့် ရွှေပြည်သာ(အောက်)ရွာ၊ အမျိုးသမီး(၂၆)တက်ပြိုင်ပွဲတွင် ညောင်ဝန်းရှေ့(က)နှင့်ကေလာရွာ၊ ကျောင်းသား(၄၆)တက် လှေပြိုင်ပွဲတွင် အ.ထ.က ကေလာကျောင်းနှင့် အ.ထ.က အိုင်ထောင့်ကြီးကျောင်း ယှဉ်ပြိုင်နေမှု၊ အမျိုးသား(၄၆)တက် လှေပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကေလာအနောက်တောင်နှင့်စည်သာရွာ၊ အမျိုးသားရာကျော်လှေပြိုင်ပွဲတွင် ရွာကြီးရှေ့ရွာနှင့် ကေလာရွာယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက စည်ကားသိုက်မြိုက်စွာ ကြည့်ရှုအားပေးကြသည်။
၎င်းနောက် ဆုချီးမြှင့်ပွဲကျင်းပရာ ဆွမ်းပို့လှေသရုပ်ပြ၊ လှေယဉ်အလှပြဆု၊ တစ်ဦးချင်းလှေပြိုင်ပွဲတွင် နှစ်သိမ့်ဆု၊ ဒုတိယဆု၊ ပထမဆုရရှိသူများ၊ ကျောင်းသား(၄၆)တက် ပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများကို ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသား(၄၆)တက် လှေပြိုင်ပွဲတွင် နှစ်သိမ့်ဆုရှိသူများကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးမှ ချီးမြှင့်ပေး၍လည်းကောင်း၊ (၄၆)တက် လှေပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမိး(၂၆)တက်လှေပြိုင်တွင် နှစ်သိမ့်ဆုရရှိသူများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးက ချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက ချီးမြှင့်ပေးကြပြီး အမျိုးသားရာကျော်လှေ ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုးက ချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယ၊ ပထမဆုရရှိသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ချီးမြှင့်ပေးကြပြီး လှေပြိုင်ပွဲကို နောင်အင်းလေသီချင်းဖြင့် နှုတ်ဆက်ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment