ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအေဂျင်စီ နိုင်ငံ့စီးပွားမြှင့်တင်ရေးအဖွဲ့ကော်မတီဝင်များ၊ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအေဂျင်စီ နိုင်ငံ့စီးပွားမြှင့်တင်ရေးအဖွဲ့ကော်မတီဝင်များ၊ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP ၊ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအေဂျင်စီ နိုင်ငံ့စီးပွားမြှင့်တင်ရေးအဖွဲ့ ကော်မတီဝင်များ၊ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် ကျင်းပပြုလုပ်သည့်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ(၉)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ သဘောတူညီချက်ဖြင့် ရှမ်းပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအေဂျင်စီကို နာယကအဖြစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ တာဝန်ယူ၍ အဖွဲ့ဝင်(၂၃)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအတိုင်း ရှမ်းပြည်နယ်တွင်ရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသများအပါအဝင် MSME လုပ်ငန်းရှင်များ အဓိကလိုအပ်နေသော ချေးငွေအရင်းအနှီးရရှိရေး၊ နည်းပညာများရရှိရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပတ်သက်ပြီး SME လုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါတွေ့ဆုံပွဲများမှ လုပ်ငန်းရှင်များ၏ အားနည်းချက်၊ တင်ပြချက်များကို စုစည်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြေရှင်းပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကိုလည်း အစုအဖွဲ့များ၊ အသင်းအဖွဲ့များကို အကျိုးရှိရှိထိရောက်စွာ ရရှိသုံးစွဲရေးအတွက် စိစစ်ကြပ်မတ်၍ ထုတ်ချေးပေးနိုင်ခဲ့သလို ယခုအခါ SME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ (၁၅၀)ဘီလီယံကို ထုတ်ချေးပေးနိုင်ရန် စီစဉ်နေပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန် မတည်ထောက်ပံ့ငွေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ငွေကျပ် (၈)ဘီလီယံရရှိခဲ့ပါကြောင်း၊ ယခုလိုရရှိခဲ့သည့် မတည်ထောက်ပံ့ငွေများကို နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရန်ပုံငွေများကို ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စီးပွားရေးကုန်ထုတ်လုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ၊ သမဝါယမအသင်းဖြင့် ဆောင်ရွက်မည့် စီးပွားမြှင့်မားရေး လုပ်ငန်းစသည်တို့တွင် အကျိုးရှိရှိ ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ရန်အတွက် ပထမအကြိမ်အဖြစ် (၁၆၄)ဖွဲ့၊ ဒုတိယအကြိမ်အဖြစ် (၃၂)ဖွဲ့၊ တတိယအကြိမ်အဖြစ် (၁၀)ဖွဲ့နှင့် စတုတ္တအကြိမ်အဖြစ် (၂၁)ဖွဲ့ စုစုပေါင်း အစုအဖွဲ့ (၂၂၇)ဖွဲ့အား ၈,၈၆၆.၁၇သန်း ထုတ်ချေးပြီးနိုင်ခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများ စီးပွားလုပ်ငန်းရှင်များမှ တင်ပြဆွေးနွေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ ဆွေးနွေးအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)