သာစည်မြို့နယ်နှင့် တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့နယ်နှင့် တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




MNP ၊ နိုဝင်ဘာ ၁၁

နိုဝင်ဘာလ ၉ ရက်နေ့ ညနေ (၃ ၁၅) အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် တောင်ကြီးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မြင့်ဆန်းကျော်(ခ)ပေါကြီး ၏ ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၂၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၇၈၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၂၂၃၀ အချိန် ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာ၌ တောင်ကြီးမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မအုံးမေ နှင့် မမြအေး တို့ထံမှ ဘိန်းစိမ်းအလေးချိန် ၆.၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၁.၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လည်းကောင်း၊ ၂၂၃၅ အချိန် ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာ၌ တောင်ကြီးမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မနန်းမိ နှင့် မနန်းဆိုင်လောဝ် တို့ထံမှ ဘိန်းစိမ်းအလေးချိန် ၉.၆ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၆.၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား  လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မြင့်ဆန်းကျော်(ခ)ပေါကြီး(၂၉)နှစ်၊ မအုံးမေ(၃၀)နှစ်၊ မမြအေး(၂၃)နှစ်၊ မနန်းမိ(၄၄)နှစ် နှင့် မနန်းဆိုင်လောဝ်(၃၇)နှစ်တို့အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


ထို့အတူ နိုဝင်ဘာလ ၁၀ ရက်နေ့ (၁၀ ၀၀) အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ (၄)လမ်းတွင် စိုင်းမင်းဦး မောင်းနှင်ပြီး အိုက်နော်ခမ်း လိုက်ပါလာသည့် CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၄၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၁၃၀ အချိန် အဆိုပါ စိတ်ပြောင်းဆေးဝါးများရောင်းချသူ မအီထောင်ရှဲန် အား ၎င်းနေထိုင်သည့် ကျိုင်းလပ်မြို့၊ ရပ်ကွက်(၃)ရှိ နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စိုင်းမင်းဦး(၂၅)နှစ်၊ အိုက်နော်ခမ်း(၂၀)နှစ်နှင့် မအီထောင်ရှဲန်(၂၂)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)