ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ ၁၁၁၁ လှုပ်ရှားမှု ပြည်သူများစိတ်ဝင်စားမှု မရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ ၁၁၁၁ လှုပ်ရှားမှု ပြည်သူများစိတ်ဝင်စားမှု မရှိ





MNP ၊ နိုဝင်ဘာ ၁၁

ယနေ့ ကျရောက်သော ၁၁ရက်၊ ၁၁လ၊ ၂၀၂၃ ရက်နေ့တွင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများက ၎င်းတို့ လှုံ့ဆော်နေကျ ပုံစံအတိုင်း မြောက်ပိုင်းသောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးပြီး (၁၁၁၁)လှုပ်ရှားမှုအဖြစ် လှုံ့ဆော်ခဲ့ကြသော်လည်း ပြည်သူများကြားတွင် စိတ်ဝင်စားမှု၊ အောက်ပေးထောက်ခံမှု လျော့ကျလျက်ရှိသည်။

NLD ပါတီကို အားပေးထောက်ခံခဲ့သူ တစ်ဦးက "လှုံ့ဆော်ရတာတော့ လွယ်တာပေါ့ဗျာ။ လှုံ့ဆော်တဲ့သူတွေက ပြည်ပြေး ဝရမ်းပြေးတွေ ဖြစ်နေကြပြီ။ သူတို့လှုံ့ဆော်တာကို လိုက်ပါလုပ်ဆောင်တဲ့သူတွေမှာ ထိန်းသိမ်းခံရမယ်။ မလုပ်သင့်ဘူးလေဗျာ။ ကိုယ့်ကို ထောက်ခံအားပေးတဲ့သူကို ဒုက္ခရောက်အောင် လုပ်ကြတာ။ နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေကြတာ။ သူတို့ကိုယ်တိုင်ကြတော့ ဘာမှ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး။ မြောက်ပိုင်းသောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုကို အားပေးထောက်ခံပြီး ၁၁၁၁ လှုပ်ရှားမှုကို လုပ်တာဆိုရင် မြောက်ပိုင်း တိုက်ခိုက်မှုတွေမှာ တပ်မတော်ကျသွားပြီလား။ သူတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ များလာပြီ။ ပြည်သူလူထု အတိဒုက္ခရောက်အောင် လုပ်တာကို အားပေးထောက်ခံရမှာလား။ မလုပ်သင့်ဘူး" ဟု ပြောသည်။

ယနေ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတို့၏ (၁၁၁၁)လှုပ်ရှားမှုတွင် ပါဝင်သူတချို့ ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည့် အခြေအနေများကိုလည်း တွေ့မြင်ရသည်။

နိုင်ငံရေးလှုပ်ရှားသူတစ်ဦးက "ပြည်ပြေး ဝရမ်းပြေးတွေက နေ့တွေ ရက်တွေ အပူး အခွ ဆိုတာနဲ့ လှုံ့ဆော်ဖို့ တာဆူနေကြတာ။ ၈၈၈၈ ကို အကြောင်းပြုပြီး (၂၂၂၂)၊ (၁၁၁၁) လေးလုံး လှုံ့ဆော်မှုတွေ စဉ်ဆက်မပြတ် လုပ်နေကြတာပဲ။ လှုပ်ရှားမှုက ဘယ်လောက်အထိ အောင်မြင်လဲ၊ ပြည်သူလူထုကို ဘယ်လောက်အထိ ကောင်းကျိုးပြုသလဲ။ နိုင်ငံရေး ဆိုတာ စစ်တပ်ကို အနိုင်ယူချင်စိတ်နဲ့ လုပ်ရမှာ မဟုတ်ဘူးဗျ။ အများပြည်သူကို ကောင်းကျိုးပြုချင်စိတ်နဲ့ လုပ်ရမှာ။ အခု သူတို့တွေရဲ့ လှုပ်ရှားမှုတွေမှာ တပ်မတော်ကို ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် တို့ ဘာတို့ ဆိုတဲ့ ကြွေးကြော်သံတွေဟာ အောက်တန်းကျလွန်းတဲ့ ကြွေးကြော်သံတွေပဲဗျ။ တပ်မတော်နဲ့ ပြည်သူကို သွေးခွဲရမှာ မဟုတ်ဘူး။ တပ်မတော် က အာဏာရယူထားတာ နိုင်ငံရေးသမားတွေ မူမမှန်လို့။ အခု အကြမ်းဖက်လှုံ့ဆော်နေသူတွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကြောင့်ပဲလေ။ သူတို့ အာဏာလက်မဲ့ ဖြစ်တာနဲ့ပဲ တပ်မတော်ကို ဖက်ဆစ်စစ်တပ်လို့ လှုံ့ဆော်ပြီး ပေါက်ကရတွေ လုပ်ကြတာ။ လုပ်တော့ ဘာဖြစ်လာလဲ။ အများပြည်သူ အတိဒုက္ခရောက်ရတာပဲ ရှိပါတယ်။ လှုံ့ဆော်တဲ့သူတွေကတော့ ဒုက္ခမခံပါဘူး။ အားလုံး နီးပါး ပြည်ပကို ထွက်ပြေးပြီးတော့မှ ပြည်သူလူထုကို အတိဒုက္ခရောက်အောင် လှုံ့ဆောင်နေတာဖြစ်တယ်ဆိုတာလောက်တော့ သိထားကြဖို့ လိုပါတယ်။" ဟု သုံးသပ် ပြောဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲကြီးတွင် မဲလိမ်မဲခိုးမှုများ ကျူးလွန်ခဲ့ခြင်းကြောင့် ၂၀၂၁ ဖေဖော်ဝါရီတွင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူပြီးနောက် NLD ပါတီဦးဆောင်သူများ၊ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ပူးပေါင်း၍ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုများကို လုပ်ဆောင်ခဲ့ကြသည်။ NLD ၊ ၈၈ များ ဦးဆောင်သော CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လှုံ့ဆော်မှုဖြင့် KNU, KIA, PDF အပါအဝင် လက်နက်ကိုင် အကြမ်းအဖွဲ့အစည်းများ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၇၀၀၀ နီးပါး သေဆုံးခဲ့ရပြီး ဖြစ်သည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)