MNP ၊ နိုဝင်ဘာ ၁၁
မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့မှ TNLA အကြမ်းဖက်သောင်းကျန်းသူများက ယမန်နေ့ ညနေပိုင်းက နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်အား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ရပ်ကွက်နေပြည်သူများက ၎င်းတို့အား ထောက်ခံအားပေးခြင်းမရှိသည့်အပေါ် TNLA အကြမ်းဖက်အဖွဲ့များက ယခုကဲ့သို့ လူမဆန်သော လုပ်ရပ်ကို လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည် (မြောက်ပိုင်း)တွင် အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ MNDAA, TNLA, AA, PDF အကြမ်းဖက်အဖွဲ့များက ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်လာခြင်းကြောင့် ဒေသခံပြည်သူများ အတိဒုက္ခမျိုးစုံနှင့် ကြုံတွေ့ခဲ့ရပြီး စစ်ဘေးရှောင်အဖြစ် တိမ်းရှောင်နေကြရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment