MNP ၊ နိုဝင်ဘာ ၁၁
ရှမ်းပြည် (မြောက်ပိုင်း) တွင် MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင် ရွှေ့ပြောင်းလျက်ရှိရာ စစ်ဘေးရှောင် ပြည်သူများထံမှ MNDAA က ဖုန်းနှင့် ငွေေကြေးများကို ဓားမြတိုက် ရယူနေကြောင်း သိရသည်။
စစ်ဘေးရှောင် ပြည်သူတစ်ဦးက "သူတို့လမ်းမှာ ပိတ်မိနေတုန်း အဲဒီအဖွဲ့တွေက ပြောတယ်။ ဆိုင်ကယ်တွေ ပစ္စည်းတွေ ပိုက်ဆံတွေ အကုန်ထားခဲ့၊ လူပဲ ထွက်ခဲ့ဆိုတော့ အကုန်ထားခဲ့ပြီးတော့ ထွက်လာရတာ။ ကျနော့်အသိတွေထဲက ဆို ယွမ် ၁သိန်းကျော်နဲ့ ဗမာငွေ သုံးလေးဆယ်လည်း ပါသွားတယ်။ အခု သူတို့ ပြန်ဖို့ လမ်းစရိတ် အခက်အခဲ ဖြစ်နေပြီ" ဟု ကြုံတွေ့ခဲ့ရသည့် အခြေအနေကို ပြောသည်။
အခြားသော စစ်ဘေးရှောင်ပြည်သူများကလည်း ဖုန်းနှင့် ပိုက်ဆံများ ကို MNDAA အဖွဲ့ က သိမ်းဆည်းရယူနေကြောင်း၊ ကားသမားတစ်ဦးက ကားသော့သိမ်းယူသွားပြီး ကားထားခဲ့ခိုင်းလို့ ထားခဲ့ရကြောင်း ရှမ်းပြည်မြောက်ပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူများက ပြည်သူလူထုထံမှ လက်နက်ဖြင့် အနိုင်ကျင့် ဓားမြတိုက် ရယူနေမှုအခြေအနေများကို ရေးသားပြောဆိုထားကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment