MNP ၊ နိုဝင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉:၃၀ နာရီ အချိန်က နယ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ရခိုင်ပြည်နယ် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးမောင်စိုးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက "လွတ်လပ်ရေးအမွေ ထိန်းသိမ်းစို့လေ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်မြတ်သူက "လူငယ်နှင့် အားကစား" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေးစာအုပ်/စာစောင်များအား စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရှိရသည်။
မြင်းစိုးဦး
https://t.me/MyanmarNationalPost



No comments:
Post a Comment