MNP ၊ နိုဝင်ဘာ ၁၁
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက မိမိတို့အနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခကို အနီးကပ်စောင့်ကြပ်လျက်ရှိကြောင်း၊ တိုက်ခိုက်မှုများ ချက်ချင်းရပ်စဲရန်နှင့် တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံဘေးကင်းရေး သေချာစွာ ဆောင်ရွက်ရန် သက်ဆိုင်သော အဖွဲ့အစည်းများကို တိုက်တွန်းကြောင်း ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် တိုက်ခိုက်မှုများကြောင့် ပြည်သူအများအပြား နေရပ်ရွှေ့ပြောင်းနေရသည်ဟု ကုလသမဂ္ဂက နိုဝင်ဘာ ၁၀ ရက်၌ ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းတိုက်ခိုက်မှုများ ရပ်စဲရန် စီမံဆောင်ရွက်မှု တစ်စုံတစ်ရာ လုပ်ဆောင်ရန် အစီအစဉ်ရှိပါသလားဟု မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment